ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဖျာပုံမြို့နယ်၊ ကုလားထိပ်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင်"ရေချွေတာသုံးစွဲရေးအသိပညာပေးဟောပြောပွဲ”ကျင်းပ
(၂၉-၃-၂၀၂၆)ရက်နေ့ (၁၀:၃၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဖျာပုံမြို့နယ်၊ ကုလားထိပ်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် "ရေချွေတာသုံးစွဲရေးအသိပညာပေးဟောပြောပွဲ” ကိုဆောင်ရွက်ခဲ့ရာ သစ်တောဝန်ထမ်း(၃)ဦး၊ ကျေးရွာရာအိမ်မှူး၊ ကုလားထိပ်ကျေးရွာမှဒေသခံပြည်သူ(၄၈)ဦး၊ စုစုပေါင်း(၅၂)ဦး တက်ရောက်ခဲ့ပါသည်။ အခမ်း အနားတွင် သစ်တောဦးစီးဌာနမှ ဦးပိုင်ဇင်ဦး(တောအုပ်ကြီး)နှင့် ဦးရှိုင်းထက် (တောအုပ်)မှ ကမ္ဘာ့ရေအရင်းအမြစ် အခြေအနေနှင့် ရေပြဿနာများ၊ မြန်မာနိုင်ငံ၏ ရေအရင်း အမြစ်အခြေအနေ၊ ရေ၏ တန်ဖိုးနှင့် အရေးပါမှု၊ ရေရှားပါးမှု ဖြစ်စေသော အကြောင်းအရင်းများ၊ရေချွေတာခြင်း၏ အကျိုးကျေးဇူးများ၊လက်တွေ့ကျင့်သုံးနိုင်သော ရေချွေတာနည်းလမ်းများ၊ရေကို ပြန်လည်အသုံးပြုခြင်း (Water Reuse)၊ ရေရှည်တည်တံ့ခိုင်မြဲသော ရေအသုံးပြုမှုအတွက် လူမှုအသိုက်အဝန်း၏ အခန်းကဏ္ဍ၊ ရေအရင်းအမြစ်များထိန်းသိမ်းရန် သစ်တောဦးစီးဌာနမှ လုပ်ဆောင်မှုများကို ဆွေးနွေးဟောပြောခဲ့ပါကြောင်း သတင်းရရှိသည်။

