၂၃-၃-၂၀၂၆ ရက်နေ့မှ ၂၉-၃-၂၀၂၆ ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိခြင်း
နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၂၈.၆၄၃၈)တန်၊ သစ်မာ (၅၀.၃၈၁၈)တန်၊ အခြား (၅၃.၃၈၅၈)တန်၊ စုစုပေါင်း (၁၃၂.၄၁၁၄)တန်၊ ယာဉ်/ယန္တရား (၆)စီး၊ တရားခံ (၁2)ဦး ဖမ်းဆီးရမိခဲ့ပါသည်။ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂၅-၃-၂၀၂၆ ရက်နေ့တွင် ပဲခူးတိုင်း ဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၊ မြို့ချောင်းအပိုင်း(ခ)ဘိနယ်၊ ရဲနွယ်ကြိုး ဝိုင်း၊ အကွက်အမှတ်(၁၀၀)၊ ရဲနွယ်ဆည်ရေပိုလွှဲနေရာမှ တရားမဝင် ပျဉ်းကတိုး/ သင်္ဂဒူ ခွဲသား(၂၆၄)ချောင်း (၁၇.၆၉၈၀)တန်၊ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါသည်။
date:
Thursday, April 2, 2026 - 14:00
