သစ်တောဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ်ဒေါက်တာသောင်းနိုင်ဦးသည် ဒုတိယညွှန်ကြားရေးမှူးအဆင့်ရာထူးတိုးရေးဖြေစာမေးပွဲဖြေဆိုသည့် လက်ထောက် ညွှန်ကြားရေးမှူးများ၏စာမေးပွဲဖြေဆိုနေမှုများအားကြည့်ရှု့စစ်ဆေးခြင်းနှင့် စာမေးပွဲအပြီးတွေ့ဆုံ၍လိုအပ်သည်များအားလမ်းညွှန်မှာကြား

(၄-၅-၂၀၂၄) ရက်နေ့၊ နံနက်ပိုင်း (၉) နာရီအချိန်တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦးသည် ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများလိုက်ပါ၍ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ် (ရေဆင်း)တွင် သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးမှ ဒုတိယ ညွှန်ကြားရေးမှူးအဆင့် ရာထူးတိုးရေးဖြေစာမေးပွဲ ဖြေဆိုနေမှုအခြေအနေများအား လှည့်လည်ကြည့်ရှူ့စစ်ဆေးခဲ့သည်။
ဆက်လက်၍ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာသောင်းနိုင်ဦး သည် ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူး(စီမံခန့်ခွဲရေး) တို့နှင့်အတူ ရာထူးတိုးရေးဖြေစာမေးပွဲ လာရောက်ဖြေဆိုကြသည့် လက်ထောက်ညွှန်ကြားရေးမှူး(၆၉) ဦးအား စာမေးပွဲဖြေဆိုအပြီးတွေ့ဆုံ၍ ရငွေလျာထားချက် (၃) လပတ်အလိုက် ပြည့်မီ ကျော်လွန်စေရေး၊ စီမံကိန်း လုပ်ငန်းများ (၃) လပတ်အလိုက် လျာထားချက်များ ပြီးမြောက် စေရေး၊ GDP လျာထားချက်ပြည့်မီကျော်လွန်ရေး၊ MRRP လုပ်ငန်းများ အောင်မြင်စေရေး၊ တရားမဝင်သစ်တားဆီးကာကွယ်ရေး၊ အပူပိုင်းဒေသ တစ်ရွာ (၂) ဧက စိုက်ခင်းများ တိုးမြှင့် စိုက်ပျိုးရေး စသည့် အရေးကြီး ကိစ္စရရပ်များ မှာကြားခဲ့ကြောင်း သိရှိရပါသည်။

date: 
Saturday, May 4, 2024 - 15:45