တနင်္သာရီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန ၊ဘုတ်ပြင်းမြို့နယ်မှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ(မြို့နယ်အဆင့်)ကျင်းပ
တနင်္သာရီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ဘုတ်ပြင်းမြို့နယ်မှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ မြို့နယ်အဆင့် အသိပညာပေးဟောပြောပွဲ အခမ်းအနားကို (၈-၄-၂၀၂၆)ရက်နေ့၊ နေ့လည် (၁၄:၁၀)နာရီ၌ ဘုတ်ပြင်းမြို့နယ်၊အေးချမ်းမြိုင်ကျေးရွာမြစိမ်းရောင်ခန်းမတွင် ကျင်းပဆောင်ရွက်ခဲ့ရာ ကမာချောင်းကျေးရွာအုပ်စု၊နှရပ်မိရပ်ဖဒေါ်အေးအေးမျိုးနှင့်၊ဒေသခံများ ၊အမျိုးသား( ၂၆)ဉီး/အမျိုးသမီး( ၄၀)ဉီး ၊ စုစုပေါင်း(၆၆) ဉီး ၊သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ(၇)ဉီး၊မြို့နယ်အဆင့် မီးသတ်ဉီးစီးမှူးဉီးဝင်းမင်းစိုးပါ(၃)ဦး၊ဒုရဲမှူးမြဇော်ပါ( ၂)ဉီး၊ကျေးလက်ဒေသဖွံ့ဖြိုးရေးဉီးဌာနမှဒုဉီးစီးမှူးဒေါ်ခင်ယမုံဖူးပါ( ၄ )ဉီး စုစုပေါင်း (၈၂)ဦးတက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးဉီးစီးဌာနမှဒုဉီးစီးမှူးဒေါ်ခင်ယမုံဖူးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဘုတ်ပြင်းမြို့နယ်၊သစ်တောဦးစီးဌာန၊ဉီးစီးအရာရှိ၊ ဦးစောလူးသယ်ရွှေမှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ အကြောင်းအရာများကို တက်ရောက်လာသူများသို့သက်ဆိုင်ရာဌာနအလိုက် အသိပညာပေးဆွေးနွေးဟောပြော ခြင်းပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။အဆိုပါဟောပြောပွဲတွင်တက်ရောက်လာသူများအား မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊သစ်တောထိန်းသိမ်းရေး၊သစ်ပင်စိုက်ပျိုးခြင်း ကြောင့်သဘာဝ ဘေးဒဏ်များမှကာကွယ်ပေးခြင်းဆိုင်ရာ Video Clipပြသခြင်း၊သိရှိလိုသည်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်း၊ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။


