ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် အုပ်ချုပ်မှုအောက်ရှိ သုံးခွမြို့နယ်၊ မင်းရွာအသင်းကျေးရွာ၊ အ.ထ.က (ခွဲ) စာသင်ကျောင်း၌ “သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူ ငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ”ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် အုပ်ချုပ်မှုအောက်ရှိ သုံးခွမြို့နယ်၊ မင်းရွာအသင်းကျေးရွာ၊ အ.ထ.က (ခွဲ)စာသင်ကျောင်း၌ “သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူ ငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ”ကို (၂၀.၄.၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီ အချိန်တွင် ကျင်းပခဲ့ရာ အ.ထ.က (ခွဲ) မှ ဆရာမ (၇) ဦး၊ မင်းရွာအသင်းကျေးရွာ မှ ဒေသခံပြည်သူ ကျား ၂၈ ဦး၊ မ ၂၂ ဦး၊ စုစုပေါင်း ၅၀ ဦး၊ သန်လျင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ တောအုပ် ဦးရဲဝင့်ဖြိုး ပါ ကျား(၂၉)ဦး၊ မ(၂၉)ဦး၊ စုစုပေါင်း (၅၈) ဦး တက်ရောက်ခဲ့ပါသည်။ ဆွေးနွေးဟောပြောပွဲတွင် သန်လျင်မြို့နယ်၊ မြို့နယ် ဦးစီးဌာနမှူးရုံးမှ သုံးခွဘိနယ် တာဝန်ခံ တောအုပ် ဦးရဲဝင့်ဖြိုး မှ မြန်မာနိုင်ငံရှိ တောအမျိုးအစားများ၊ ဂေဟစနစ်များနှင့် ဇီဝမျိုးစုံ/ မျိုးကွဲများ၏ အခြေအနေများ၊ သစ်တောနှင့် ဂေဟစနစ်များပျက်စီးရခြင်း အကြောင်းအရင်းများ၊ တောမီးလောင်ကျွမ်းမှု အခြေခံအကြောင်းအရင်းများ၊ Fire Hotspot ဖြစ်ထွန်းမှု အခြေအနေများ၊ နယ်မြေဖြတ်ကျော် မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု၏ဆိုးကျိုးများ၊ သုံးခွမြို့နယ်အတွင်းရှိ ဒီရေတောပြုစုထိန်းသိမ်းခြင်း လုပ်ငန်းများ နှင့် ပြည်သူလူထု ပူးပေါင်းပါဝင်သော သစ်တော ပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများကို အသိပညာပေး ဆွေးနွေး ဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။

date: 
Tuesday, April 21, 2026 - 09:45