တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်ခရိုင်၊ ထားဝယ်မြို့၊သစ်တောဦးစီးဌာနမှ ရေချွေတာသုံးစွဲရေး၊တောင်ယာ ခုတ်ထွင်မီးရှို့မှုမရှိစေရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးအသိပညာပေးဟောပြောပွဲကျင်းပ

ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊သစ်တောဦးစီးဌာနမှ ရေချွေတာသုံးစွဲရေး၊တောင်ယာခုတ်ထွင်မီးရှို့မှုမရှိစေရေးနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲကို(၂၁-၄-၂၀၂၆)ရက်နေ့၊ နေ့လည်(၁၃:၀၀)နာရီ၌ ထားဝယ်ခရိုင်၊ သစ်တောဦးစီးဌာနမှူးရုံး၌ ကျင်းပဆောင်ရွက်ခဲ့ရာ ထားဝယ်မြို့၊ သစ်/ပရိဘောဂ/အသေးအဖွဲအရောင်းဆိုင်များမှ ကျား(၉)ဦး၊မ(၁၆)ဦး၊ စုစုပေါင်း (၂၅)ဦးတက်ရောက်ခဲ့ကြပါသည်။ ထားဝယ်ခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူးဦးလွင်ကိုဦးမှ ရေချွေတာသုံးစွဲရေး၊ ရေသယံဇာတထိန်းသိမ်းရေးဆိုင်ရာ အကြောင်းအရာများအား ဟောပြောဆွေးနွေးခဲ့ပြီး ထားဝယ်မြို့နယ်၊ သစ်တောဦးစီးဌာန၊ဦးစီးအရာရှိဦးရဲဝင်းအောင်မှ တောင်ယာခုတ်ထွင်မီးရှို့မှုမရှိစေရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးခေါင်းစဉ်ဖြင့် အကြောင်းအရာများကို တက်ရောက်လာသူများသို့အသိပညာပေးဆွေးနွေးဟောပြောခဲ့ပါသည်။ဆက်လက်၍ ဟောပြောပွဲတွင်တက်ရောက်လာသူများမှ သိရှိလိုသည်များကို ဟောပြောသူများမှ ပြန်လည်ဖြေကြားခဲ့ပါကြောင်းသတင်းရရှိသည်။

date: 
Wednesday, April 22, 2026 - 19:30