တနင်္သာရီတိုင်းဒေသကြီး၊မြိတ်ခရိုင်၊မြိတ်မြို့နယ်၊သစ်တောဦးစီးဌာနမှတောမီးအန္တရာယ်နှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ(မြို့နယ်အဆင့်)ကျင်းပ

မြိတ်မြို့နယ်၊သစ်တောဦးစီးဌာနမှတောမီးအန္တရာယ်နှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကို(၂၁-၄-၂၀၂၆)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီ၌ မြိတ်မြို့နယ်၊ပသောင်းကျေးရွာအုပ်စု၊တောင်ပုလဲကျေးရွာ ဓမ္မာရုံတွင်ကျင်းပဆောင်ရွက်ခဲ့ရာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ရပ်မိရပ်ဖများ၊ ရွာသူ၊ရွာသားများ ကျား(၅၇)ဦး၊မ(၁၆)ဦး၊ပေါင်း(၇၃)ဦး၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ (၉)ဦး၊ စုစုပေါင်း (၈၂)ဦးတက်ရောက်ခဲ့ကြပါသည်။မြိတ်မြို့နယ်၊သစ်တောဦးစီးဌာန၊ဦးစီးအရာရှိ-ဦးဝေယံမြင့်ချိုမှ တောမီးအန္တရာယ်နှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးဆိုင်ရာ ခေါင်းစဉ်အကြောင်းအရာများကို တက်ရောက်လာသူများသို့ အသိပညာပေးဆွေးနွေးဟောပြောခဲ့ပါသည်။ဆက်လက်၍ဟောပြော ပွဲတွင်တက်ရောက်လာသူများအား မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေပေး ခဲ့ပါကြောင်း သတင်းရရှိသည်။

date: 
Wednesday, April 22, 2026 - 19:30