တနင်္သာရီသဘာဝ ကြိုးဝိုင်းလုပ်ငန်းစီမံကိန်း၊ မိကျောင်းလှောင်းစခန်းခွဲ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေးပြခန်း (EEC)ခန်းမ၌ “ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဆွေးနွေးပွဲ” ကျင်းပ

“ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဆွေးနွေးပွဲ” ကို ၁၀-၅-၂၀၂၄ ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်း၊ မိကျောင်းလှောင်းစခန်းခွဲ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေးပြခန်း (EEC)ခန်းမ၌ ကျင်းပခဲ့ပါသည်။ “ဒေသခံ ပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဆွေးနွေးပွဲ”အား ဒေသခံ ပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်း ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများ နှင့် ဖြေရှင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ဖော်ထုတ်နိုင်ရေး၊ စီမံကိန်းဧရိယာရှိ ဒေသခံ ပြည်သူများ၏ လူမှုစီးပွားရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုး တိုးတက် လာစေရေးနှင့် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး ရည်ရွယ်ချက်များဖြင့် ကျင်းပဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါဆွေးနွေးပွဲသို့ တနင်္သာရီ သဘာဝကြိုးဝိုင်းစီမံကိန်း စီမံကိန်းဒါရိုက်တာ၊ ဥယျာဉ်အုပ်ချုပ်ရေးမှူး၊ ဆက်စပ်ဌာန ဆိုင်ရာများ၊ ရတနာလူမှုစီးပွားစီမံကိန်းမှဝန်ထမ်းများ၊ တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်း စီမံကိန်းဝန်ထမ်းများ၊ စီမံကိန်းဧရိယာရှိ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော အသုံးပြုသူ အဖွဲ့ဝင်များစုစုပေါင်း (၃၅) ဦးတက်ရောက်ဆွေးနွေးခဲ့ပါသည်။

date: 
Friday, May 10, 2024 - 15:30