တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်ခရိုင်၊ ထားဝယ်မြို့၊သစ်တောဦးစီးဌာနမှ သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ(မြို့နယ်အဆင့်)ကျင်းပ

ထားဝယ်မြို့နယ်၊သစ်တောဦးစီးဌာနမှ သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို(၂၁-၄-၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီ၌ ထားဝယ်မြို့နယ်သစ်တောဦးစီးဌာနမှူးရုံး၌ ကျင်းပဆောင်ရွက်ခဲ့ရာ ထားဝယ်မြို့၊ သစ်/ပရိဘောဂ/အသေးအဖွဲအရောင်းဆိုင်များမှ
ကျား(၉)ဦး၊မ(၁၆)ဦး၊ စုစုပေါင်း (၂၅)ဦးတက်ရောက်ခဲ့ကြပါသည်။ ထားဝယ်မြို့နယ်၊ သစ်တောဦးစီးဌာန၊ဦးစီးအရာရှိဦးရဲဝင်းအောင် မှ သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေး ခေါင်းစဉ်ဖြင့် အကြောင်းအရာများကို တက်ရောက်လာသူများသို့အသိပညာပေးဆွေးနွေးဟောပြောခဲ့ပါသည်။ဆက်လက်၍ ဟောပြောပွဲတွင်တက်ရောက်လာသူများမှ သိရှိလိုသည်များကို ဦးစီးအရာရှိ ဦးရဲဝင်းအောင်မှ ပြန်လည်ဖြေကြားခဲ့ပါကြောင်း သတင်းရရှိသည်။

date: 
Wednesday, April 22, 2026 - 19:45