သထုံခရိုင်၊ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် သထုံမြို့နယ်၊ သစ်တောဦးစီးဌာနတို့ပူးပေါင်း၍ သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့်မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ
(၂၂.၄.၂၀၂၆)ရက်နေ့၊(၉း၀၀)နာ ရီအချိန်၊ပေါင်မြို့နယ်၊သဲဖြူကုန်းကျေးရွာအုပ်စု၊ကန်ဖြူကျေးရွာအ-မ-က (ကန်ဖြူ )၌"သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ် ရေးနှင့်မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးခြင်း ဟောပြောပွဲကျင်းပပြုလုပ်ရာ ဟောပြောပွဲသို့ သဲဖြူကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်ဇော်ပါကျေးရွာသူ/သားများ ကျား (၅၁)ဦး မ (၄၀) ဦးနှင့် သထုံမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိပါ ပေါင်မြို့နယ်မှသစ်တော ဝန်ထမ်း (၁၄)ဦး၊ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဦးစီးဌာနမှဒုတိယဦးစီးမှူးဦးသံစဥ်မှူး၊စုစုပေါင်း ကျား (၆၆)ဦး၊မ( ၄၀)ဦး၊(၁၀၆)ဦး တက်ရောက်ခဲ့ကြပြီး အဆိုပါဟောပြောပွဲတွင် သထုံမြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်ထွန်းမှသစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့် မီးခိုး/မြူငွေ့လျော့ချရေး ခေါင်းစဥ်ဖြင့်လည်းကောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှဒုတိယဦးစီးမှူး ဦးသံစဥ်မှူး မှ Fire Hotspot ဖြစ်ပွားမှုလျော့ချရေးနှင့်မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးခေါင်းစဥ်ဖြင့်လည်းကောင်း ဆွေးနွေးဟောပြောခြင်း၊ပညာပေး video clip ပြသခြင်း၊လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများဆောင်ရွက်ကာ တက်ရောက်သည့် ရွာသူ/သားများကသိရှိလိုသည့်မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။



