ပဲခူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ "မီးခိုးမြူငွေ့လျော့ချရေးနှင့် သစ်တော/ပတ်ဝန်းကျင်ထိန်း သိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ"ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ အစိုးရဌာနဆိုင်ရာများ၏ ရက်(၁၀၀)အတွင်း ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်နှင့်အညီ (၂၃.၄.၂၀၂၆) ရက်နေ့၊ (၈:၃၀) နာရီအချိန်တွင် ပဲခူးမြို့နယ်၊ အခြေခံပညာအထက်တန်း ကျောင်း(ဘုရားကြီး)၊ ကျောင်းစုဝေးခန်းမ၌ "မီးခိုးမြူငွေ့လျော့ချရေးနှင့် သစ်တော/ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ" ကျင်းပခဲ့ရာ အထက(ဘုရားကြီး) မှ ကျောင်းသူ/ကျောင်းသားများ၊ ဆရာ/ဆရာမများနှင့် ပဲခူးမြို့နယ်သစ်တောဦးစီးဌာနမှဝန်ထမ်းများ စုစုပေါင်း (၆၄) ဦး တက်ရောက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် ပဲခူးမြို့နယ်၊ သစ်တောဦးစီးဌာန၊ မြို့နယ်ဦးစီးဌာနမှူး၊ ဦးချမ်းမြေ့အောင်မှ သစ်တောသစ်ပင်များအကြောင်း၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ်များအကြောင်း၊ သစ်တောများကပေးစွမ်းနိုင်သည့် ဂေဟစနစ်ဆိုင်ရာအကျိုး ကျေးဇူးများ၊ရာသီဥတုပြောင်းလဲမှု လျှော့ချရေးတွင် သစ်တောများ၏အရေးပါမှု၊ အကျိုးကျေးဇူးများနှင့် မီးခိုးမြူငွေ့ လျော့ချရေးအတွက် Fire Hotspots များ လျော့နည်းကျဆင်းအောင် တောမီးရှို့ခြင်း၊ လယ်ယာများမီးရှို့ခြင်းများမပြုလုပ်ရန်၊ မီးခိုးမြူငွေ့ လေထုညစ်ညမ်းမှု၏ ဆိုးကျိုးများ၊ မီးခိုးမြူငွေ့ ညစ်ညမ်းမှုထိန်းချုပ်ရေး ဆောင်ရွက်နေမှု အခြေအနေများနှင့် သစ်တောများမှ ပေးစွမ်းနိုင်သော အကျိုး ကျေးဇူးများစသည့် သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အချက်အလက်များအားအသိပညာပေး ဟောပြောခဲ့ပြီး သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

date: 
Friday, April 24, 2026 - 09:15