ဧရာဝတီတိုင်းဒေသကြီးတွင်၊မြန်မာတရုတ်ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ရင်းနှီးကျွမ်းဝင်မူဆိုင်ရာခရီးစဥ်အထိမ်းအမှတ် မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး သစ်တောဦးစီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကြီးကြပ်မူ ဦးစီးဌာနနှင့်အထွေထွေအုပ်ချူပ်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ မြန်မာတရုတ် ခရီးသွားလုပ်ငန်း မြှင့်တင်ရေး ရင်းနှီးကျွမ်းဝင်မူဆိုင်ရာ ခရီးစဥ်အထိမ်းအမှတ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုး ပွဲတော်ကို(၁၂-၅-၂၀၂၄))ရက်နေ့တွင်ငွေဆောင်မြို့ Irrewaddy Fisheries Development Co.Ltd ဝင်းအတွင်းကျင်းပခဲ့ပါသည်။စိုက်ပျိုးပွဲတွင် စိန်ပန်း(၅)ပင်၊ မဟော်ဂနီ(၄၀)ပင်၊ ပျဥ်းကတိုး(၅၅)ပင်၊ စုစုပေါင်း (၁၀၀)ပင်အား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးဝန်ကြီး ဦးဆောင်၍ တရုတ်ခရီးသွား(၄၁)ဦး၊ ဌာနဆိုင်ရာ (၁၅)ဦး၊ ရပ်ကျေးအုပ် ချူပ်ရေးမှူး(၄)ဦးနှင့် yuzana companyဝန်ထမ်းများမှ စုပေါင်းစိုက်ပျိုးခဲ့ကြပါသည်။ စိုက်ပျိုး ခဲ့သည့် အပင်များအားမိုးမကျမှီ ကာလအတွင်း အပင်များရှင်သန်အောင်မြင်စေရေးအတွက် နေ့စဥ်ရေလောင်းပြုစုသွားမည်ဖြစ်ပါသည်။

date: 
Tuesday, May 14, 2024 - 10:15