မော်လမြိုင်-သထုံခရိုင်၊ ရေးမြို့နယ်၊ သစ်တောဉီးစီးဌာနမှ ''သစ်တောထိန်းသိမ်းရေး၊ရေသယံဇာတထိန်းသိမ်းရေးနှင့်မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ
(၂၄.၄.၂၀၂၆) ရက်နေ့၊ (၁၀:၀၀)နာရီအချိန်တွင် ရေးမြို့နယ်၊ သစ်တောဉီးစီးဌာန၊ပတ်ဝန်းကျင်ထိန်းသိမ်းရေးဉီးစီးဌာန၊ မီးသတ်ဉီးစီးဌာနတို့နှင့်ပူးပေါင်း၍ "သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့်မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ´´ အား ချောင်းတောင်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင်ကျင်းပပြုလုပ်ရာ ဟောပြောပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်မြို့နယ်စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ ချောင်းတောင်ကျေးရွာအုပ်ချုပ်ရေးမှူးပါ ကျေးရွာသူ/သားများ ကျား (၈၂)ဦး မ (၃၈) ဦးနှင့် ရေးမြို့နယ် ဦးစီးအရာရှိပါ သစ်တော ဝန်ထမ်း (၆)ဦး၊စုစုပေါင်း(၁၃၂)ဦး တက်ရောက်ခဲ့ကြပြီး အဆိုပါ ဟောပြောပွဲတွင် ရေးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရွှေနိုင်မှ သစ်တောထိန်းသိမ်းရေး၊ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုး/မြူငွေ့လျော့ချရေး ခေါင်းစဉ်ဖြင့်ဟောပြောဆောင်ရွက်ခဲ့ပါကြောင်း လက်ကမ်းစာစောင်များဖြန့်ဝေဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။



