ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ငပုတောမြို့နယ်၊ သစ်တောဦးစီးဌာန၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောဥပဒေအကြောင်းအသိပညာပေး ဟောပြောပွဲကျင်းပ

(၂၄.၄.၂၀၂၆)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ တင်းချောင်းကျေးရွာအုပ်စု၊ဝါးကလောကျေးရွာ၊အ.လ.က(ခွဲ)ကျောင်းတွင် ငပုတောမြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ် ဦးနေလင်းထွန်းမှ*သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောဥပဒေအကြောင်းအသိပညာပေး ဟောပြောပွဲ* ကို ကျင်းပဆောင်ရွက်ခဲ့ပါသည်။အဆိုပါအသိပညာပေးဟောပြောပွဲတွင်သစ်တော ဝန်ထမ်း(၂)ဦးဝါးကလောကျေးရွာသား(၂၂)ဦး ကျေးရွာသူ(၂၈) ဦး စုစုပေါင်း(၅၂)ဦးတက်ရောက်ခဲ့ပြီး သဘာဝပတ်ဝန်းကျင်အကြောင်း၊လူသားများအသက်ရှင်သန် ရပ်တည်မှုအတွက် သဘာဝပတ်ဝန်းကျင်၏ အရေးပါပုံ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများအကြောင်း၊ ထိန်းသိမ်းကာကွယ်ရန် အရေးပါပုံ၊သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် အများပြည်သူတို့ ဆောင်ရွက်နိုင်မည့် နည်းလမ်းများ၊သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် သစ်တောဦးစီးဌာန၏ လုပ်ဆောင်နေမှုများ၊သစ်တောဥပဒေ အကြောင်းတို့ကို ဆွေးနွေးဟောပြောခဲ့ပါကြောင်းသတင်းရရှိသည်။

date: 
Friday, April 24, 2026 - 21:00