ရှမ်းပြည်နယ်၊ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးရုံး၊ အစည်းအဝေးခန်းမ၌ မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းပွဲကျင်းပ

၂၃-၄-၂၀၂၆ ရက်နေ့တွင် ရှမ်းပြည်နယ်၊ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည့် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းပွဲတွင် သစ်တောဦးစီးဌာန၊ တောင်ကြီးခရိုင် လက်ထောက်ညွွှန်ကြားရေးမှူး ဦးဇော်ဇော်မင်းမှ ရာသီဥတုပြောင်းလဲမှု၊ တောမီးနှင့် မီးခိုးမြူငွေ့လျော့ချရေးခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောခြင်းနှင့် စိုက်ပျိုးရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ စည်ပင်သာယာရေးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့မှ မီးခိုးမြူငွေ့့့ ညစ်ညမ်းမှုထိန်းချုပ်ရေးဆို်င်ရာများကို ဟောပြောခဲ့ပြီး အခမ်းအနားသို့ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး (၆၀)ဦးသို့ အသိပညာပေးရှင်းလင်းခဲ့ပါကြောင်း သတင်းရရှိသည်။

date: 
Friday, April 24, 2026 - 21:15