ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် အုပ်ချုပ်မှုအောက်ရှိ ကျောက်တန်း (မြို့မ)ဘိနယ်၊ ဘန့်ဘွေးကုန်း သစ်တောပျိုးဥယျာဥ်၌ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် အုပ်ချုပ်မှုအောက်ရှိ ကျောက်တန်း (မြို့မ)ဘိနယ်၊ ဘန့်ဘွေးကုန်း သစ်တောပျိုးဥယျာဥ်၌ “သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူ ငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ”ကို (၂၄.၄.၂၀၂၆)ရက်နေ့၊ ညနေ(၁၆:၀၀)နာရီ အချိန်တွင် ကျင်းပခဲ့ရာ ကျောက်တန်းမြို့နယ်၊ အလတ်ကျေးရွာ မှ ဒေသခံပြည်သူ ကျား ၁၅ ဦး၊ မ ၃၆ ဦး၊ စုစုပေါင်း ၅၁ ဦး၊ သန်လျင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ကျောက်တန်းနယ်မြေတာဝန်ခံ တောအုပ်ကြီး ဦးစိုးမြင့်ပါ သစ်တောဝန်ထမ်း (၃) ဦး ကျား(၁၈)ဦး၊ မ(၃၆)ဦး၊ စုစုပေါင်း (၅၄) ဦး တက်ရောက်ခဲ့ပါသည်။ ဆွေးနွေးဟောပြောပွဲတွင် သန်လျင်မြို့နယ်၊ မြို့နယ် ဦးစီးဌာနမှူးရုံးမှ ကျောက်တန်း နယ်မြေ တာဝန်ခံ တောအုပ်ကြီး ဦးစိုးမြင့် မှ မြန်မာနိုင်ငံရှိ တောအမျိုးအစားများ၊ ဂေဟစနစ်များနှင့် ဇီဝမျိုးစုံ/ မျိုးကွဲများ၏ အခြေအနေများ၊ သစ်တောနှင့် ဂေဟစနစ်များပျက်စီးရခြင်း အကြောင်းအရင်းများ၊ တောမီးလောင်ကျွမ်းမှု အခြေခံအကြောင်းအရင်းများ၊ Fire Hotspot ဖြစ်ထွန်းမှု အခြေအနေများ၊ နယ်မြေဖြတ်ကျော် မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု၏ဆိုးကျိုးများ၊ ပြည်သူလူထု ပူးပေါင်းပါဝင်သော သစ်တော ပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများ၊ သစ်တောဦးစီးဌာနမှ မိုးရာသီ သစ်ပင်စိုက်ပျိုးလိုသူများအား အမြင့် ၂ ပေအထက် လူထုဖြန့်ပျိုးပင်များအား အခမဲ့ ဖြန့်ဝေပေးလျှက်ရှိကြောင်း အသိပညာပေး ဆွေးနွေး ဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။


