ပဲခူးတိုင်းဒေသကြီး ၊ တောင်ငူခရိုင် ၊ ရေတာရှည်မြို့နယ်မှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး ၊ တောင်ငူခရိုင် ၊ ရေတာရှည်မြို့နယ် သစ်တောဦးစီးဌာနမှ "သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ"အခမ်းအနားကို ( ၂၄.၄.၂၀၂၆ )ရက်နေ့ ၊နံနက်( ၀၉:၀၀)နာရီအချိန်တွင် ရေတာရှည်မြို့၊ အမှတ်(၅)ရပ်ကွက်၊ ရွှေဘုံသာဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံတွင်ကျင်းပဆောင်ရွက်ခဲ့ရာ အမှတ်(၅)ရပ်ကွက် အုပ်ချုပ်ရေးမှူး ၊ ရပ်မိရပ်ဖများ နှင့် ဒေသခံပြည်သူ ကျား( ၂၅ )ဦး၊ မ( ၃၀ )ဦး နှင့် သစ်တောဦးစီးဌာနမှ ဝန်ထမ်း( ၅ )ဦး၊ စုစုပေါင်း ( ၆၃ )ဦးတို့တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ဦးစီးအရာရှိ ဦးသူရအောင် မှ သစ်တောများ၏ အကျိုးကျေးဇူးများ၊ မြန်မာနိုင်ငံ၏ နှစ်အလိုက် သစ်တောဖုံးလွှမ်းမှုအခြေအနေ၊ သစ်တောများ ပြုန်းတီးခြင်းနှင့် သစ်တောပြုန်းတီးလာခြင်းကြောင့် ဖြစ်ပေါ်လာသော အကျိုးဆက်များ၊ ရာသီဥတုပြောင်းလဲမှုနှင့် သစ်တောများ၏ အခန်းကဏ္ဍ၊ သစ်တောပြုစု ထိန်းသိမ်းခြင်းနည်းလမ်းများနှင့် သစ်တောသစ်ပင်များ၏ အကျိုးကျေးဇူးများ၊ သစ်တောဦးစီးဌာနအနေဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ၊ တောမီးစီမံအုပ်ချုပ်ခြင်းနှင့် မီးခိုးမြူငွေ့ လျှော့ချရေးဆိုင်ရာ အကြောင်းအရာများတို့ကို တက်ရောက်လာသူများထံသို့ အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပါကြောင်းနှင့် တက်ရောက်လာသူများမှ သိရှိလိုသည်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။

date: 
Monday, April 27, 2026 - 10:30