သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်မှသစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့ လျော့ကျရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအားကျင်းပ
(၂၃-၄-၂၀၂၆)ရက်နေ့၊ (၁၃:၁၅)နာရီအချိန်တွင် သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်မှသစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျော့ကျရေးဆိုင်ရာအသိပညာပေးဟောပြောပွဲအားကြို့ကုန်းကျေးရွာအုပ်စု၊ ကြို့ကုန်းဘုန်းကြီးကျောင်း၌ကျေးရွာသူ/ကျေးရွာသားများနှင့်ကျင်းပပြုလုပ်ရာဒေသခံပြည်သူကျား(၃၉)ဦး၊ မ(၁၀)ဦးနှင့်သစ်တောဝန်ထမ်း(၄)ဦးစုစုပေါင်း(၅၃)ဦးတက်ရောက်ခဲ့ပါကြောင်း၊မြို့နယ်သစ်တောဦးစီးဌာနမှတောအုပ်ကြီးဦးစောမြင့်လှိုင်မှတောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျော့ကျရေးလုပ်ငန်းများ၊သစ်တောပြုစုထိန်းသိမ်းရေးလုပ်ငန်းများအားအသိပညာပေးဟောပြောခဲ့ပြီးဒေသခံများသိရှိလိုသည်များအားဆွေးနွေးဖြေကြားခြင်းတို့ဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။


date:
Monday, April 27, 2026 - 10:30
