၆-၅-၂၀၂၄ ရက်နေ့မှ ၁၂-၅-၂၀၂၄ ရက်နေ့အထိ နေပြည်တော်/ ပြည်နယ်/ တိုင်းဒေသကြီး ၊ သစ်တောဦးစီးဌာနများမှ ဖမ်းဆီးရမိမှု

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၃၉.၉၃၂၀)တန်၊ သစ်မာ (၁၁၈.၈၇၂၈)တန်၊ အခြား (၂၆.၇၁၄၈)တန်၊ စုစုပေါင်း (၁၈၅.၆၁၉၆)တန်၊ ယာဉ်/ ယန္တရား (၁၈)စီး၊ တရားခံ (၃၃)ဦး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁၁-၅-၂၀၂၄ ရက်နေ့၊ ပဲခူးတိုင်း ဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ သူရဲတန်း(ခ)ဘိနယ်၊ ကျောက်ဖူးချောင်းဘေး မြေကွက်လပ်နေရာ/ ဦးမျိုးသူအောင်၏ နေအိမ်ခြံဝင်းအတွင်း/ ဦးလှရွှ၏ နေအိမ်ခြံဝင်း အတွင်း/ ညောင်ခြေထောက်ကျေးရွာမှ (၄.၅)မိုင်ခန့်အကွာနေရာတို့မှ တရားမဝင် ကျွန်း/ ပျဉ်းကတိုး/ဘင်္ဂ သစ်လုံး/ခွဲခြမ်း/ခွဲသား/ဗုံတို/ စုစုပေါင်း (၂၀၅၉)ချောင်း (၇၇.၂၉၁၀) တန်၊ အင်ဂျင်(၁)လုံး၊ လွှဝိုင်း (၁)ဝိုင်း၊ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်-

date: 
Tuesday, May 14, 2024 - 15:30