မင်းလှမြို့နယ်၊သစ်တော ဦးစီးဌာနမှ သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ

မင်းလှမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောထိန်းသိန်းရေး၊ တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျှော့ချရေး ဆိုင်ရာအသိ ပညာပေး ဟောပြောပွဲအား (၂၅.၄.၂၀၂၆) ရက်နေ့၊ နံနက်(၀၉:၀၀)အချိန် မင်းလှမြို့နယ်၊ ကောက်ကွေး တန်းကျေးရွာ တွင်ကျင်းပဆောင်ရွက်ခဲ့ရာ ဒေသခံကျေးရွာမှ ‌ကျေးရွာသူ/သား ၅၈ ဦး၊ ကျား (၂၁)ဦး မ (၃၇) ဦး) သစ်တောဦးစီးဌာနမှ ၀န်ထမ်း(၆)ဦး၊ စုစုပေါင်း (၆၄)ဦး တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် တောအုပ်ကြီး ဦး‌စိုးသန်းမြင့် မှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် တရားမဝင်သစ်ထုတ်လုပ်မှုလျော့နည်းပပြောက်ရေးဆိုင်ရာများဟောပြောခြင်းနှင့်မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနမှူးမှ မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအကြောင်း အရာများကို ဆွေးနွေး ဟောပြော ခဲ့ပါသည်။ ထို့နောက်တက်ရောက်လာသူများမှ သိရှိလိုသည်များကို ရှင်းလင်းပြောကြားခြင်း ဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။

date: 
Monday, April 27, 2026 - 10:30