ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ သစ်တော ဦးစီးဌာန၊ ဒက္ခိဏခရိုင်၊လယ်ဝေးမြို့ ၊ အလက (အင်ပု)၌ သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

(၁၅–၅-၂၀၂၄ )ရက်နေ့၊ (၀၉:၀၀) အချိန်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ သစ်တော ဦးစီးဌာန၊ ဒက္ခိဏခရိုင် ၊လယ်ဝေးမြို့ ၊ အလက (အင်ပု)၌ “ သစ်တောနှင့် ဇီဝမျိုးစုံ မျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ “ကိုကျင်းပဆောင်ရွက်ခဲ့ရာ ဆရာ/ဆရာမ (၆)ဦး၊ကျောင်းသား/ကျောင်းသူ(၅၆)ဦး စုစုပေါင်း(၆၂)ဦးတက်ရောက်ခဲ့ပါသည်။ ဟောပြောပွဲတွင် ဒက္ခိဏခရိုင် လက်ထောက်ညွှန်ကြားရေးမှုး ဦးကျော်ဌေးနှင့် လယ်ဝေးမြို့နယ်ဦးစီးအရာ ရှိ ဦးသူရိန်ဝင်းတို့က ဟောပြောခဲ့ပြီး ကျောင်းသား/ ကျောင်းသူများက သိလိုသည်များ မေးမြန်းခြင်း၊ ပြန်လည်ဖြေကြားခြင်း၊ သစ်တောကြေးမုံစာ‌စောင်များ၊ လက်ကမ်းစာစောင် များ၊ အချိုရည်နှင့် မုန့်များပေးအပ် ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။

date: 
Wednesday, May 15, 2024 - 11:30