တောင်ငူမြို့နယ်၊သစ်တောဦးစီးဌာနမှ သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့ဘျှော့ချရေး ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ
တောင်ငူမြို့နယ်၊သစ်တောဦးစီးဌာနမှ သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျှော့ချရေး ဆိုင်ရာအသိပညာပေးဟောပြောပွံအား(၂၅၊၄၊၂၀၂၆)ရက်နေ့(၁၀း၃၀)နာရီအချိန်တောင်ငူမြို့နယ် ကန်ရိုးပျိုးဥယျာဥ်တွင် ကျင်းပဆောင်ရွက်ခဲ့ပြီးကန်ရိုးကျေးရွာနေပြည်သူ(၃၈)ဦးတက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် တောင်ငူမြို့နယ်သစ်တောဦးစီးဌာနမှူးရုံးမှ ဦးစီးအရာရှိ ဦးမိုးကျော်သူမှ မီးခိုးမြူငွေ့လျှော့ချရေး၊တောမီးကာကွယ်ရေးနှင့် တရားမဝင်သစ်ထုတ်မှုလျော့နည်းပပြောက်ရေးဆိုင်ရာအကြောင်းအရာများကိုဟောပြောပို့ချခဲ့ပြီးတက်ရောက်လာသူများမှသိရှိလိုသည်များကိုရှင်းလင်းပြောကြားဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။


date:
Monday, April 27, 2026 - 10:30
