ရန်ကုန်တိုင်းဒေသကြီး၊ သယံဇာတရေးရာဝန်ကြီးမှ ရန်ကုန်တိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန တာဝန်ရှိသူများနှင့် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှ တာဝန်ရှိသူများတွေ့ဆုံ

(၁၅-၅-၂၀၂၄) ရက်နေ့၊ (၀၈း၃၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ရန်ကုန်တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး သစ်တောဦးစီးဌာနတာဝန်ရှိသူများ၊ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှ တာဝန်ရှိသူများတွေ့ဆုံ၍ တိရစ္ဆာန်ဥယျာဉ်တွင် လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ ဆွေးနွေးကြရာ ဝန်ကြီးမှလိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးမှာကြားပါသည်။ ထို့နောက် တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးကြပြီး ဝန်ကြီးမှ တိရစ္ဆာန်ဥယျာဉ် ပိုမိုတိုးတက် ကောင်းမွန်ရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားကာ (၁၀း၀၀) နာရီတွင် တွေ့ဆုံဆွေးနွေးပွဲ အောင်မြင်စွာပြီးမြောက်ခဲ့ပါကြောင်း သိရှိရပါသည်။

date: 
Wednesday, May 15, 2024 - 16:00