သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ တရားမဝင်သစ်ထုတ်လုပ်မှု လျော့နည်းပပျောက်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျော့ချရေး ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ

(၂၄-၄-၂၀၂၆)ရက်နေ့၊ (၁၁:၃၀)နာရီအချိန်တွင် သာယာဝတီခရိုင်၊နတ်တလင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ တရားမဝင်သစ်ထုတ်လုပ်မှု လျော့နည်းပပျောက်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲအား ထိပ်ပိတ်ကျေးရွာအုပ်စု၊ ထိပ်ပိတ်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ ကျေးရွာသူ/ကျေးရွာသားများနှင့်ဟောပြောပွဲ ကျင်းပပြုလုပ်ရာဒေသခံပြည်သူကျား(၂၇)ဦး၊မ(၂၄)ဦးနှင့်သစ်တောဝန်ထမ်း(၃)ဦးစုစုပေါင်း(၅၄)ဦးတက်ရောက်ခဲ့ပါကြောင်း၊နတ်တလင်းမြို့နယ်သစ်တောဦးစီးဌာန၊ တောအုပ်ကြီးဦးသန့်ဇော်မှ သစ်တောပြုစုထိန်းသိမ်းခြင်း၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ အကြောင်းအရာများကိုအသိပညာပေးဟောပြောခဲ့ပြီး ဒေသခံများမှ သိရှိလိုသည်များအားဆွေးနွေးဖြေကြားခြင်းတို့ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။

date: 
Monday, April 27, 2026 - 10:45