မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်၊သစ်တောဉီးစီးဌာနမှ ''သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့်မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

(၂၅.၄.၂၀၂၆) ရက်နေ့၊ နံနက် (၈:၃၀) နာရီအချိန်တွင် မုဒုံမြို့နယ်၊ သစ်တောဉီးစီးဌာနမှ တာပသွန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး၌ "သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ် ရေးနှင့်မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးခြင်း ဟောပြောပွဲ´´ ကျင်းပပြုလုပ်ခဲ့ပြီး ဟောပြောပွဲသို့ တာပသွန်းကျေးကျေးရွာအုပ်စုချုပ်ရေးမှူးပါ ကျေးရွာသူ/သားများ ကျား (၁၈)ဦး မ (၁၂) ဦးနှင့် မုဒုံမြို့နယ် သစ်တော ဝန်ထမ်း (၅)ဦး၊ စုစုပေါင်း ကျား(၃၅)ဦး တက်ရောက်ခဲ့ကြပြီး အဆိုပါ ဟောပြောပွဲတွင် မုဒုံမြို့နယ်၊ သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးဝင်းစိုးမှ သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့် မီးခိုး/မြူငွေ့လျော့ချရေး ခေါင်းစဥ်ဖြင့် ဆွေးနွေးဟောပြောခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။

date: 
Monday, April 27, 2026 - 10:45