တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့၊သစ်တောဦးစီးဌာနမှ သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ(မြို့နယ်အဆင့်)ကျင်းပ

ပုလောမြို့နယ်၊သစ်တောဦးစီးဌာနမှ သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို(၂၅-၄-၂၀၂၆)ရက်နေ့၊ နေ့လည်(၁၃:၀၀)နာရီ၌ ပုလောမြို့နယ်သစ်တောဦးစီးဌာနမှူးရုံး၌ ကျင်းပဆောင်ရွက်ခဲ့ရာ ပုလောမြို့၊ အမှတ်(၃)ရပ်ကွက် ရပ်မိရပ်ဖ မိဘပြည်သူနှင့် ပရဟိတအဖွဲ့များမှ ကျား(၇)ဦး၊မ(၃၁)ဦး၊ သစ်တောဝန်ထမ်း (၈)ဦး စုစုပေါင်း (၅၆)ဦး တက်ရောက်ခဲ့ကြပါသည်။ ပုလောမြို့နယ်၊ သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူးဦးတင်အောင်မျိုး မှ သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေး ခေါင်းစဉ်ဖြင့် အကြောင်းအရာများကို တက်ရောက်လာသူများသို့အသိပညာပေးဆွေးနွေးဟောပြောခဲ့ပါသည်။ ဆက်လက်၍ ဟောပြောပွဲတွင်တက်ရောက်လာသူများမှ သိရှိလိုသည်များကို မြို့နယ်ဦးစီးဌာနမှူး ဦးတင်အောင်မျိုးမှ ပြန်လည်ဖြေကြားခဲ့ပါကြောင်းသတင်းရရှိသည်။

date: 
Monday, April 27, 2026 - 10:45