မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ သစ်တောဦးစီးဌာနမှ သစ်တောသစ်ပင်နှင့်ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာ ခရိုင်အဆင့်အသိပညာပေး ဟောပြောပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ သစ်တောဦးစီးဌာနက ကျောက်ဆည် မြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်၌ ကျောင်းသား/ကျောင်းသူများအား သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးဆိုင်ရာအသိအမြင်များ တိုးပွားလာ စေရန်ရည်ရွယ်ချက်ဖြင့် သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး ဆိုင်ရာခရိုင် အဆင့်အသိပညာပေးဟောပြောပွဲကို (၁၇.၅.၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀) နာရီအချိန်တွင် အမှတ်(၁)အထက်တန်းကျောင်း စုဝေးခန်းမ၌ကျင်းပပြုလုပ်ရာ ကျောက်ဆည်ခရိုင်၊ သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်အေး-၃ မှ သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းခြင်း၊ သစ်တောများမှပေးစွမ်းနိုင်သော အကျိုးကျေးဇူးများအား လည်းကောင်း၊ ကျောက်ဆည်ခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးလမင်းသန့်က သစ်တောများနှင့် ရာသီဥတုပြောင်းလဲမှု လျှော့ချခြင်းနှင့် သဲကန္တာရဖြစ်ထွန်းမှု တိုက်ဖျက်ရေးအားလည်းကောင်း ကျောက်ဆည်မြို့နယ်၊ သစ်တော ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဗိုလ်တင်လင်းက သစ်တောများနှင့်ရေဝေရေလဲဒေသများထိန်းသိမ်း ရေးဆိုင်ရာ အကြောင်းအရာများကို ဟောပြောခဲ့ကြပြီး ကျောင်းသား/ကျောင်းသူများ၏ မေးမြန်းမှုအပေါ် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါသည်။ အသိပညာပေး ဟောပြောပွဲသို့ ကျောင်းသား/ကျောင်းသူ(၁၀၀)ဦး၊ ဆရာဆရာမနှင့် ဖိတ်ကြားထားသူ(၁၂)ဦး စုစုပေါင်း(၁၁၂)ဦး တက်ရောက်ခဲ့ကြပါသည်။ ဆက်လက်၍ ကျောက်ဆည်မြို့နယ်၊ မြို့မ ပျိုးဥယျာဉ်သို့ သွားရောက်ကာ ကျောင်းသား/ကျောင်းသူများအား သစ်စေ့မှပျိုးပင်ပေါက် ပျိုးကူးခြင်း လုပ်ငန်းပျိုးပင်များ ပြုစုထိန်းသိမ်းဆောင်ရွက်မှု လုပ်ငန်းများအားရှင်းလင်းပြသ ပြီး လက်တွေ့သစ်ပင်စိုက်ပျိုးခြင်းကို သရုပ်ပြရှင်းလင်းခဲ့ကြောင်း သိရှိရပါသည်။

date: 
Monday, May 20, 2024 - 15:00