ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းစောင့်ရှောက်ခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲ
(၁၈-၅-၂၀၂၄)ရက်နေ့ ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တော သစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းစောင့်ရှောက်ခြင်းဆိုင်ရာ အသိပညာပေးဟောပြော ပွဲကို မြင့်မိုရ် ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ကျောင်းပိတ်ရက် ဖြစ်သော်လည်း ၂၀၂၄ခုနှစ် စာသင်နှစ်တက်ရောက်ကြမည့် ကျောင်းသား/ ကျောင်းသူများ အားစည်းရုံးဟောပြောခဲ့ပါသည်။ အထက်တန်းကျောင်းသား/ကျောင်းသူ(၉၅)ဦး တက်ရောက် ခဲ့ပါသည်။ ဟောပြောပွဲတွင် ဦးစီးအရာရှိ ဦးကျော်စိုးလွင်မှ သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲများ ဆိုင်ရာအသိပညာပေးခြင်း၊ တောအုပ်ကြီး ဦးလှိုင်ထက်ကိုမှ သစ်တောများနှင့်ရေဝေရေလဲ ဒေသများထိန်းသိမ်းခြင်း၊ တောအုပ် ဦးထွန်းနောင်မှ သစ်တောများနှင့် ရာသီဥတုလျှော့ချ ခြင်း၊ တောအုပ် ဦးအောင်မျိုးသန့်မှ သစ်တောများမှ ပေးစွမ်းနိုင်သောအကျိုးကျေးဇူးများ စသည့် ခေါင်းစဉ်အလိုက် အသီးသီးဟောပြောခဲ့ပါသည်။ ထို့နောက် အမြင့်(၂)ပေ ပျိုးသက် (၂)နှစ် အထက်ရှိ ခရေ(၁၀)ပင် မယ်ဇယ် (၁၀) တို့အား သရုပ်ပြစိုက်ပျိုးခြင်းနှင့် လက်တွေ့ စိုက်ပျိုးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။