ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ် မောင်းဒီးကျေးရွာအုပ်စု၊ ပိတောက်ကုန်းကျေးရွာ၊ အ.လ.က စာသင်ကျောင်းတွင်မီးခိုး/မြူငွေ့လျော့ချရေး ၊သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့်လျော့နည်းစေရေး အသိပညာပေးဟောပြောပွဲကိုကျင်းပ
(၂၆-၄-၂၀၂၅) ရက်နေ့ ၊နံနက်(၁၀:၀၀)နာရီအချိန်၊ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ် မောင်းဒီးကျေးရွာအုပ်စု၊ ပိတောက်ကုန်းကျေးရွာ၊ အ.လ.က စာသင်ကျောင်းတွင် လပွတ္တာမြို့နယ် သစ်တောဦးစီးဌာန၊ တောအုပ်ကြီး ဦးကိုကိုအောင်မှ မီးခိုး/မြူငွေ့လျော့ချရေး ၊သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့်လျော့နည်းစေရေး အသိပညာပေးဟောပြောပွဲကိုကျင်းပခဲ့ပါသည်။အဆိုပါအသိပညာပေးဟောပြောပွဲတွင်သစ်တောဝန်ထမ်း ၄ ဦး၊ကျေးရွာသား( ၈၀) ဦး၊ကျေးရွာသူ (၂၅ ) ဦး ၊စုစုပေါင်း(၁၀၉) ဦးတက်ရောက်ခဲ့ပြီးမီးခိုး/မြူငွေ့ ဖြစ်ပေါ်လာပုံ၊ မီးခိုး/မြူငွေ့ အဓိပ္ပါယ်၊ဆိုးကျိုး၊ သဘာဝပတ်ဝန်းကျင်ပျက်စီးမှု၊ထိန်းသိမ်းကာကွယ်ဆောင်ရွက်နိုင်မည့် နည်းလမ်းများ၊ အကျိုးကျေးဇူး စသည့်အကြောင်းအရာများဆွေးနွေးးအသိပညာပေးဟောပြောခဲ့ပါကြောင်း သတင်းရရှိသည်။


