ကျောက်ဆည်ခရိုင်၊ တံတားဦး(စဉ့်ကိုင်တွဲ)မြို့နယ်၊ မြို့နယ်သစ်တောဦးစီးဌာနမှူးရုံးမှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာလျော့ချရေးနှင့် ရေချွေတာရေးအသိပညာပေး ဟောပြောကျင်းပ
ကျောက်ဆည်ခရိုင်၊ တံတားဦး(စဉ့်ကိုင်တွဲ)မြို့နယ်၊ မြို့နယ်သစ်တောဦးစီးဌာနမှူးရုံးမှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာလျော့ချရေးနှင့် ရေချွေတာရေးအသိပညာပေး ဟောပြောပွဲကို (၂၆-၄-၂၀၂၆)ရက်နေ့၊ (၀၉၀၀)နာရီတွင် တံတားဦးမြို့နယ်၊ အင်းဝမြို့ဟောင်း၊ ဦးတည်ကျေးရွာအုပ်စု၊ ရွှေစည်းခုံ ဘုရားဝင်းအတွင်းရှိဓမ္မာရုံတွင်ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ရာ ဒေသခံပြည်သူ စုစုပေါင်း(၅၀)ဦးတက်ရောက်ပါသည်။ အဆိုပါ ဟောပြောပွဲတွင် တံတားဦး(စဉ့်ကိုင်တွဲ)မြို့နယ်မှ မြို့နယ်သစ်တောဦးစီးဌာနမှူး ဦးကျော်ဇင်မြင့်ဦးမှ မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာလျော့ချရေးဆိုင်ရာအသိပညာပေးဗဟုသုတများနှင့် သစ်တောသစ်ပင်များမှ ရရှိ နိုင်သော အကျိုးကျေးဇူးများ၊ သစ်တောပြုန်းတီးရခြင်းကြောင့် ခံစားနေရသော ဆိုးကျိုးများ၊ သစ်ပင်တစ်ပင်စိုက် တစ်ပင်ရှင်သန်အောင်မြင်ရန်နှင့် ကျေးရွာမြို့ပြများတွင် အစိမ်းရောင်ဧရိယာ Green Space စိုက်ပျိုးခြင်းဖြင့် စိမ်းစိမ်းစိုစိုအပင်များမှ သန့်ရှင်းလတ်ဆတ်သော လေကောင်းလေသန့်များရရှိနိုင်စေသည့် အကျိုးခံစားမှုများ၊ ရေသယံဇာတထိန်းသိမ်းရေး၏အရေးပါမှုအကြောင်းများနှင့် မိမိပတ်ဝန်းကျင် ကျေးရွာ/ မြို့ပြများ စိမ်းလန်းစိုပြည် သာယာရေးအတွက် သစ်ပင်များစိုက်ပျိုးသွားကြရန် အသိပညာပေးဟောပြောခဲ့ပြီး (၁၀၃၀)နာရီတွင် ဟောပြောပွဲ ပြီးဆုံးကြောင်းသတင်းရရှိသည်။

