မြောင်းမြမြို့နယ်၊ သစ်တောဦးစီးဌာနမှ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်"Talk Show" ကျင်းပ

၂၁.၅.၂၀၂၄ ရက်နေ့၊ နံနက်(၁၀:၀၀) အချိန်တွင် မြောင်းမြမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးအောင်အောင်ဌေး(ဦးစီးအရာရှိ)နှင့်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ဦးစီးအရာရှိ ဒေါ်ဝေဝေမြင့်၊ ရေအရင်းအမြစ်ဦးစီးဌာနမှ ခရိုင်တာဝန်ခံ ဦးတင်အောင် (ဦးစီးအရာရှိ)တို့သည် ၂၀၂၄ ခုနှစ် ဇွန်လ(၅)ရက်နေ့ တွင်ကျရောက်မည့် "ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့"ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် "သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်‌ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး" ခေါင်းစဉ်ဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးTalk Show အား မြောင်းမြမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (community centre) ခန်းမ၌ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရှိရပါသည်။

date: 
Thursday, May 23, 2024 - 12:30