တနင်္သာရီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ဘုတ်ပြင်းမြို့နယ်မှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် ရေ ချွေတာရေး ၊မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ (မြို့နယ်အဆင့်)ကျင်းပ
တနင်္သာရီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန ၊ဘုတ်ပြင်းမြို့နယ်မှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် ရေချွေတာရေး၊မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ မြို့နယ်အဆင့် အသိပညာပေးဟောပြောပွဲ အခမ်းအနားကို (၂၇-၄-၂၀၂၆)ရက်နေ့၊ နေ့လည် (၁၂:၃၀)နာရီ၌ ဘုတ်ပြင်းမြို့နယ်၊အေးချမ်းမြိုင်ကျေးရွာ (၂ ) ရွာ၊ အမကကျောင်းခန်းမတွင် ကျင်းပဆောင်ရွက်ခဲ့ရာ ေကျာင်းအုပ်ဆရာကြီး ဉီးထင်ကျော်လွင်နှင့်ဆရာမ(၂)ဉီး၊ဘုတ် ပြ င်းမြို့နယ်၊ကမာချောင်းကျေးရွာအုပ်စု၊ရပ်မိရပ်ဖ ဉီးကိုထွန်းနှင့်၊ဒေသခံများ ၊အမျိုးသား( ၄၆)ဉီး/အမျိုးသမီး( ၅၀)ဉီး ၊ စုစုပေါင်း(၉၆) ဉီး ၊သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ(၅)ဉီး၊မြို့နယ်အဆင့် လန်ပိအဏ္ဍာဝါအမျိုးသားဉယျာဉ်မှဉီးစီးအရာရှိ၊ဉီးကြည်ဉီး၊စုစုပေါင်း (၁၀၅)ဦးတက်ရောက်ခဲ့ကြပါသည်။အခမ်းအနားတွင် ဘုတ်ပြင်းမြို့မိမြို့ဖ ဉီးကိုထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဘုတ်ပြင်းမြို့နယ်၊သစ်တောဦးစီးဌာန၊ဉီးစီးအရာရှိ၊ ဦးစောလူးသယ်ရွှေမှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် ေရချွေတာ ရေး၊မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ အကြောင်းအရာများ၊ဉီးစီးအရာရှိ၊ဉီး ကြည် ဉီးမှသစ်တောသစ်ပင်အသုံးဝင်ပုံများကို တက်ရောက်လာသူများသို့သက်ဆိုင်ရာဌာနအလိုက် အသိပညာပေးဆွေးနွေးဟောပြော ခြင်းပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။အဆိုပါဟောပြောပွဲတွင်တက်ရောက်လာသူများအား မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊သစ်တောထိန်းသိမ်းရေး၊သစ်ပင်စိုက်ပျိုးခြင်း ကြောင့်သဘာဝ ဘေးဒဏ်များမှကာကွယ်ပေးခြင်းဆိုင်ရာ Video Clipပြသခြင်း၊သိရှိလိုသည်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားကြောင်းသတင်းရရှိသည်။


