ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ တန့်ယန်းမြို့နယ်၊ သစ်တောဦးစီးဌာန၊ သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊လားရှိုးခရိုင် ၊ တန့်ယန်းမြို့နယ်၊ သစ်တောဦးစီးဌာနမှကြီးမှူး၍ (၂၇-၄-၂၀၂၆)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန် တန့်ယန်းမြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ "သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ " ကျင်းပပြုလုပ်ခဲ့ရာ တန့်ယန်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဦးအိုက်ပေါင်းအောင်က" သစ်တောထိန်းသိမ်းရေးဆိုင်ရာ" သိကောင်းစရာများကိုဟောပြောပို့ချခဲ့ပါကြောင်း၊ မိုင်းဘတ်ဘိနယ် တာဝန်ခံ တောအုပ် ဦးအောင်းဝင်းမှ "တောမီးကာကွယ်ခြင်းနှင့်မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ" သိကောင်းစရာများဟောပြောခဲ့ပါကြောင်း၊တန့်ယန်းမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝေဖြိုးလွင်က "တောမီးလောင်ကျွမ်းခြင်းကာကွယ်ရေးနှင့် မီးငြိမ်းသတ်ရေးဆိုင်ရာ"သိကောင်းစရာများဟောပြောခဲ့ပါကြောင်း၊ တန့်ယန်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးလှစိုးဝင်းက "ရေသယံဇာတထိန်းသိမ်းရေး၊ ရွှေ့ပြောင်းတောင်ယာလျော့နည်းပပျောက်ရေး၊ မီးခိုးမြူငွေလျော့ချရေးဆိုင်ရာ" အသိပညာများအား ဟောပြောပို့ချခဲ့ပါကြောင်းနှင့် တက်ရောက်လာသူ ဒေသခံပြည်သူများက သိလိုသည်များကိုမေးမြန်းခဲ့ရာ သက်ဆိုင်ရာဌာနများမှ ပြန်လည်ဖြေကြားခဲ့ပါသည်။ ဟောပြောပွဲသို့ ကျား (၁၅)ဦး၊ မ (၂၅)ဦးစုစုပေါင်း (၄၀) ဦးတက်ရောက်ခဲ့ပါကြောင်းသတင်းရရှိသည်။

date: 
Tuesday, April 28, 2026 - 10:15