၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်၊ ကျွန်းနှင့် သစ်မာထုတ်လုပ်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်၊ ကျွန်းနှင့် သစ်မာထုတ်လုပ်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို (၂၄-၅-၂၀၂၄) ရက်နေ့တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် မြန်မာ့သစ်လုပ်ငန်းမှ ညွှန်ကြားရေးမှူးချုပ်တို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။ အစည်းအဝေးတွင် စီမံကိန်းနှင့် စာရင်းအင်းဌာန၊ ဒုတိယညွှန်ကြားရေးမှူးမှ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်၊ ကျွန်းနှင့် သစ်မာထုတ်လုပ်မည့်အစီအစဉ်အား Power Point ဖြင့်ရှင်းလင်းတင်ပြခြင်း၊ မြန်မာ့သစ်လုပ် ငန်းက ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်၊ ကျွန်းနှင့် သစ်မာထုတ်လုပ်မည့်အစီအစဉ်အား Power Point ဖြင့်ရှင်းလင်းတင်ပြခြင်းနှင့် တာဝန်ရှိသူများမှ အထွေထွေဆွေးနွေးခြင်းများ ပြုလုပ်ကြသည်။ အစည်းအဝေးသို့ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(မူဝါဒနှင့်စီမံကိန်း)နှင့် တာဝန်ရှိသူများ၊ မြန်မာ့သစ်လုပ်ငန်းမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

date: 
Friday, May 24, 2024 - 13:45