၂၀-၃-၂၀၂၆ ရက်နေ့မှ ၂၆-၄-၂၀၂၆ ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိခြင်း

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၃၉.၇၉၄၂)တန်၊ သစ်မာ (၂၇.၀၃၇၈)တန်၊ အခြား (၂၉၄.၅၀၅၂)တန်၊ စုစုပေါင်း (၃၆၁.၃၃၇၂)တန်၊ ယာဉ်/ယန္တရား (5)စီး၊ တရားခံ (1၁)ဦး ဖမ်းဆီးရမိခဲ့ပါသည်။ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂၂-၄-၂၀၂၆ ရက်နေ့တွင် မန္တလေး တိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်၊ မြို့လှဘိနယ်၊ အလယ်ကုန်း ကျေးရွာအုပ်စု၊ အောင်ချမ်းသာကျေးရွာ၏အနောက်ဘက် (၁)မိုင်ခန့်အကွာ နေရာမှ တရားမဝင် ကညင်/ကဇော် သစ်လုံး စုစုပေါင်း(၃၅)လုံး (၄၉.၄၀၂၀)တန်၊ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါသည်။

date: 
Tuesday, April 28, 2026 - 14:30