တနင်္သာရီမြို့နယ်၊ သစ်တောဦးစီးဌာနမှ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်"Talk Show" ကျင်းပ

(၂၃-၅-၂၀၂၄)ရက်နေ့၊ နေ့လည်(၁၃:၀၀)အချိန်တွင် တနင်္သာရီမြို့နယ်၊ သစ်တောဦးစီးဌာနမှ တောအုပ် ဦးဇေယျာမိုးနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးမှူး ဦးထိန်ဝင်း တို့ သည် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အဖြစ် " သဲကန္တာရ တိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး "ခေါင်းစဥ်ဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာအသိပညာပေး Talk Show အား တနင်္သာရီမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ၊ Community Centre ခန်းမ ၌ ပြုလုပ်ခဲ့ပါသည်အဆိုပါအသိပညာပေး Talk Show တွင် ကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်း ရေးနေ့ဖြစ်ပေါ်လာပုံ၂၀၂၄ ခုနှစ်အတွက်သတ်မှတ်ထားသည့်ဆောင်ပုဒ်၊ သဲကန္တာရဖြစ်ထွန်း ရခြင်းနှင့် အကျိုးသက်ရောက်မှုများ၊ သဲကန္တာရဖြစ်ထွန်းမှုနှင့် မိုးခေါင်ရေရှားမှု ဒဏ်လျော့ နည်းအောင် ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် မြေယာပြုပြင်ခြင်း ဆောင်ရွက်ရာတွင် ပါဝင်သည့် သစ်တောကဏ္ဏ၊ သစ်တောသစ်ပင်များမှ ပေးစွမ်းသည့် အကျိုးကျေးဇူးများ၊ ကမ္ဘာ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနှင့်ပတ်သက်၍ သစ်တောဦးစီးဌာနမှဆောင်ရွက်ပေးနေသည့် လုပ်ငန်း များကိုအသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

date: 
Friday, May 24, 2024 - 13:15