ပုလောမြို့နယ်၊ သစ်တောဦးစီးဌာနမှ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်"Talk Show" ကျင်းပ

(၂၃.၅.၂၀၂၄)ရက်နေ့၊ နေ့လည်(၁၃:၀၀)အချိန်တွင် ပုလောမြို့နယ်၊ သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစိးဌာနမှူး ဦးရဲဝင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်အေးအေးမော် တို့သည် ၂၀၂၄ခုနှစ်၊ ကမ္ဘာ့ပတ််ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိန်းအမှတ် အဖြစ် သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည် ပြုပြင်ပေး ခေါင်းစဉ်ဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး Talk Show အား ပုလောမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ပြုလပ်ခဲ့ပါသည်။ အဆိုပါအသိပညာပေး Talk Show တွင် သဲကန္တာရဖြစ်ရခြင်း အကြောင်းအရင်းများ၊ သဲကန္တာရ ဖြစ်ထွန်းလာမှုဝိသေသလက္ခဏာများ အပြည်ပြည်ဆိုင်ရာသဲကန္တာရဖြစ်ထွန်းမှုနှင့် မိုးခေါင်မှု တိုက်ဖျက်ရေးနေ့ဖြစ်ပေါ်လာပုံ၊ မြန်မာနိုင်ငံနှင့် သဲကန္တာရဖြစ်ထွန်းမှုတိုက်ဖျက်ရေးဆောင် ရွက်မှုအခြေအနေ၊ သဲကန္တာရတိုက်ဖျက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်အကြံပြုချက် များ၊ သစ်တောများမှ ရရှိနိုင်သည့် အကျိုးကျေးဇူးများနှင့် သစ်တောဦးစီးဌာနမှ ဆောင်ရွက်ပေး နေသည့် လုပ်ငန်းများကို အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

date: 
Friday, May 24, 2024 - 16:45