စစ်ကိုင်းတိုင်းဒေသကြီး၊မော်လိုက်/ခန္တီးခရိုင်၊ခန္တီးမြို့နယ် သစ်တောဦးစီးဌာန၊ မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေး ဟောပြောပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊မော်လိုက်/ခန္တီးခရိုင်၊ခန္တီးမြို့နယ် သစ်တောဦးစီးဌာန၊ တောအုပ်ဦးဝင်းခိုင်နှင့်ဝန်ထမ်းများမှ (၂၈-၄-၂၀၂၆)ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန် ခန္တီးမြို့နယ်၊ကင်းတော်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် မီးခိုးမြူငွေ့လျှော့ချရေးအသိပညာပေးဟောပြောပွဲအား ပတ်ဝန်းကျင်ထိန်သိမ်းရေးဦးစီးဌာန၊ဦးစီးအရာရှိဦးတင့်လွင်ထွန်းနှင့်ဝန်ထမ်းများ၊မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးအောင်မျိုးဝင်းနှင့်ဝန်ထမ်းများ၊စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်များပူးပေါင်း၍ မီးခိုးမြူငွေ့လျှော့ချရေး အသိပညာပေးဟောပြောပွဲအား ကျင်းပခဲ့ပါသည်။ ဟောပြောပွဲသို့ ကင်းတော်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ဒေသခံပြည်သူ (၆၀)ဦးတက်ရောက်ကြပြီး မီးခိုးမြူငွေ့နှင့်ပတ်သက်၍ ပြည်သူများ၏ မေးမြန်းချက်များအားရှင်းလင်းပြောကြားခြင်း၊မြေပြင်ကွင်းဆင်း၍ မီးခိုးမြူငွေ့ဆိုင်ရာများသရုပ်ပြရှင်းလင်းခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

date: 
Wednesday, April 29, 2026 - 16:00