ဧရာဝတီတိုင်းဒေသကြီး၊မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ဝါးခယ်မဘိနယ်၊ ကဝဲအင်ချောင်းကျေးရွာ၌ မီးခိုး/မြူငွေ့လျော့ချရေး ၊သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့်လျော့နည်းစေရေး အသိပညာပေးဟောပြောပွဲကိုကျင်းပ
(၂၈-၄-၂၀၂၆) ရက်နေ့၊ (၁၁:၀၀)နာရီအချိန်၊ ဧရာဝတီတိုင်းဒေသကြီး၊မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ဝါးခယ်မဘိနယ်၊ ကဝဲအင်ချောင်းကျေးရွာ၊အုပ်ချုပ်ရေးမှူးနေအိမ်တွင် ဝါးခယ်မဘိနယ် သစ်တောဦးစီးဌာန၊တောအုပ်ဦးကျော်မြတ်သူမှ မီးခိုး/မြူငွေ့လျော့ချရေး ၊သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့်လျော့နည်းစေရေး အသိပညာပေးဟောပြောပွဲကိုကျင်းပခဲ့ပါသည်။အဆိုပါအသိပညာပေးဟောပြောပွဲတွင်စုစုပေါင်းသစ်တောဝန်ထမ်း၃ ဦး၊ကျေးရွာအုပ်ချုပ်ရေးဝန်ထမ်း(၁)ဦး၊ကျေးရွာသား( ၃၀) ဦး၊ကျေးရွှာသူ (၂၅ ) ဦး ၊စုစုပေါင်း(၅၉) ဦးတက်ရောက်ခဲ့ပြီးမီးခိုး/မြူငွေ့ ဖြစ်ပေါ်လာပုံ၊ မီးခိုး/မြူငွေ့ အဓိပ္ပါယ်၊ဆိုးကျိုး၊ သဘာဝပတ်ဝန်းကျင်ပျက်စီးမှု၊ထိန်းသိမ်းကာကွယ်ဆောင်ရွက်နိုင်မည့်နည်းလမ်းများ၊သစ်တောဦးစီးဌာန မှ ဆောင်ရွက်နေသည့်စိုက်ခင်းများလုပ်ဆောင်နေမှု၊ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောတည်ထောင်ခြင်း အကျိုးကျေးဇူး စသည့်အကြောင်းအရာများဆွေးနွေးးအသိပညာပေးဟောပြောခဲ့ပါကြောင်းသတင်းရရှိသည်။

