မွန်ပြည်နယ်၊သထုံခရိုင်၊ သထုံ(တွဲဘက်) ပေါင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ"ရေသယံဇာတထိန်းသိမ်းရေးနှင့်ရေချွေ တာသုံးစွဲရေးအသိပညာပေးဟောပြောပွဲ"ကျင်းပ

(၂၈-၄-၂၀၂၆) ရက်နေ့ ၊နံနက် (၁၀:၃၀)နာရီအချိန်၊မွန်ပြည်နယ်၊သထုံခရိုင်၊ ပေါင်မြို့နယ်၊ဝဲပတန်ကျေးရွာအုပ်စု၊ဝဲပတန်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် သထုံ(တွဲဘက်)ပေါင်မြို့နယ်၊ သစ်တောဦးစီးဌာန၊ တောအုပ်ကြီး ဦးဇော်လွင်ဦးမှ "ရေသယံဇာတထိန်းသိမ်းရေးနှင့်ရေချွေတာသုံးစွဲရေး ဆိုင်ရာ အသိပညာပေးဟောပြောပွဲ"ကိုကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအသိပညာပေးဟောပြောပွဲတွင်သစ်တောဝန်ထမ်း ၃ ဦး၊ကျေးရွာသား(၂၀) ဦး၊ကျေးရွာသူ (၄၀ ) ဦး ၊စုစုပေါင်း(၆၃) ဦးတက်ရောက်ခဲ့ပါသည်။ ရေသည် လူနှင့် တိရစ္ဆာန်များအတွက်သာမက သက်ရှိအပင်များအားလုံးအတွက်မရှိမဖြစ်အရေးကြီးဆုံးအရာ ဖြစ်ပါကြောင်းနှင့် လူ့အရေးသုံးပါးဖြစ်သည့် "စားရေး၊ ဝတ်ရေး၊ နေရေး" များစွာထဲတွင် သောက်သုံးရေ အလုံအ လောက် ရရှိမှုသည် အခြေခံ လိုအပ်ချက် တစ်ခု ဖြစ်ပါကြောင်းနှင့် ရေသယံဇာတထိန်းသိမ်းရေး အရေးပါမှုအကြောင်း စသည့်အကြောင်းအရာများဟောပြောဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။

date: 
Wednesday, April 29, 2026 - 18:00