တနင်္သာရီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ၂၀၂၄ ခုနှစ်၊ မိုးရာသီ(အကြို) မြို့နယ်အဆင့်သစ်ပင်စိုက်ပျိုးပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ၂၀၂၄ ခုနှစ်၊ မိုးရာသီ(အကြို)မြို့နယ် အဆင့် သစ်ပင်စိုက်ပျိုးပွဲတော်ကို တနင်္သာရီမြို့နယ်၊ အောက်ကင်းအရှေ့ကျေးရွာ၊ ခမရ ၅၅၇ တပ်ရင်းအတွင်းတွင် (၂၅.၅.၂၀၂၄) ရက်နေ့၊ (၀၈:၀၀) နာရီအချိန်တွင် ကျင်းပဆောင်ရွက် ခဲ့ပါသည်။ အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်သို့ တနင်္သာရီမြို့နယ်၊ အမှတ် ၂ စစ်နယ်မြေမှူး ဗိုလ်မှူးကြီးမျိုးမင်းသူတက်ရောက်ပြီး ကံ့ကော်ပင်အား စိုက်ပျိုးခဲ့ပါသည်။
တနင်္သာမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများ၊ အမျိုးသမီးရေးရာအသင်း၊ မိခင်နှင့် ကလေးစောင့်ရှောက် ရေးအသင်း၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ နှင့် ဒေသခံပြည်သူများ၊ စုစုပေါင်း (၂၀၀) ဦး တက်ရောက်ပြီး ပျဉ်းကတိုး (၈၅) ပင်၊ မဟော်ဂနီ (၉၁) ပင်၊ စိန်ပန်း (၅၀) ပင်၊ ကံ့ကော်(၅၀) ပင်၊ ခရေ (၇၁) ပင်၊ စုစုပေါင်း (၃၄၇) ပင် အား အောင်မြင်စွာ စိုက်ပျိုးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

date: 
Sunday, May 26, 2024 - 14:00