မွန်ပြည်နယ် မုဒုံမြို့နယ် သစ်တောဦးစီးဌာနမှ၂၀၂၄ ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

မွန်ပြည်နယ် မုဒုံမြို့နယ် သစ်တောဦးစီးဌာနမှ၂၀၂၄ ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲ ကို (၂၆-၅-၂၀၂၄)ရက်နေ့၊ နံနက် (၈:၀၀) နာရီအချိန်တွင် မုဒုံမြို့၊ မြို့မ(၄)ရပ်ကွက်၊ ကန်ကြီးရပ်၌ ကျင်းပပြုလုပ်ခဲ့သည်။ သစ်ပင်စိုက်ပျိုးပွဲကို မုဒုံမြို့နယ်တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး ဇော်မင်းဦး၊ မော်လမြိုင်-သထုံခရိုင် သစ်တောဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်ဇော်ထူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးပြည်သိမ်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်သစ်တောဝန်ထမ်းများ အမျိုးသမီး ရေးရာအဖွဲ့၊ ဆရာ/ဆရာမများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များ နှင့် ဒေသခံပြည်သူများ စုစုပေါင်း (၁၀၀)ဦး တက်ရောက်ခဲ့ပါသည်။ သစ်ပင်စိုက်ပျိုးပွဲတွင် မုဒုံမြို့နယ်တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး ဇော်မင်းဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ
ဦးပြည်သိမ်းနှင့် အဖွဲ့ဝင်များက စိုက်ပျိုးမည့် လူထုဖြန့်ပျိုးပင်များကိုအမျိုးသမီးရေးရာအဖွဲ့၊ ဆရာ/ဆရာမများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များနှင့် ဒေသခံ ပြည်သူများထံပေးအပ်ခဲ့သည်။ ထို့နောက် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရန်၊ ရာသီ ဥတုအပူဒဏ်နှင့် သဘာဝဘေးအန္တရာယ်များကို ကာကွယ်နိုင်ရန်အတွက် ကျွန်း၊ ပျဥ်းကတိုး၊ မဟော်မနီ၊ မန်ဂျန်ရှား၊ အော်ရီရှား၊ စိန်ပန်းကြီး၊ ပျဉ်းမ၊ သင်္ကန်းစသည့် အဖိုးတန်နှင့် အရိပ်ရပျိုးပင် စုစုပေါင်း (၁၀၀၀) ပင်ကို တက်ရောက်လာကြသူများက တပျော်တပါး စိုက်ပျိုးခဲ့ပါကြောင်း သိရှိရပါသည်။

date: 
Sunday, May 26, 2024 - 15:15