“ပျားမွေးမြူခြင်းနှင့် ပျားရည်ထုတ်လုပ်ခြင်းသင်တန်း”ဖွင့်ပွဲအခမ်းအနားကျင်းပခြင်း

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် ကိုရီးယားနိုင်ငံ၊ အာရှဒေသသစ်တောကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Asian Forest Cooperation Organization – AFoCO)၏ ရန်ပုံငွေအထောက်အပံ့ဖြင့် “သစ်တော များအားမှီခိုနေထိုင်သူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် သစ်တော ထိန်းသိမ်း ခြင်းနှင့် ဒေသခံပြည်သူအခြေပြု စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးမှုဆိုင်ရာ စံပြသစ်တောများ တည်ထောင်ခြင်းစီမံကိန်း (FD-AFoCO Model Forest Project)” ကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလမှစတင်၍ ၂၀၂၅ ခုနှစ်၊ မတ်လအထိ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိရာ ထာဝစဉ်တည်တံ့စေသော သစ်တောစီမံအုပ်ချုပ်မှုကို အထောက်အကူ ပြုစေရေး နှင့် ဒေသခံပြည်သူများ၏ စွမ်းဆောင်ရည်တိုးတက်မြင့်မားစေရေးနှင့်အတူ ဂေဟစနစ် တည်ငြိမ်စေရေးနှင့် ဝင်ငွေအခွင့်အလမ်းများ တိုးပွားစေရေးအတွက် စီမံကိန်းဒေသဖြစ်သော ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်နှင့် ပေါက်ခေါင်းမြို့နယ် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော လုပ်ငန်းဆောင်ရွက်နေသူ သင်တန်းသား (၂၀)ဦးအား “ပျားမွေးမြူခြင်းနှင့် ပျားရည် ထုတ်လုပ် ခြင်းသင်တန်း”ကို ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့၊ ဗဟိုသစ်တောလုပ်ငန်း ဖွံ့ဖြိုးမှု လေ့ကျင့်ပညာပေးရေးဌာန (CFDTC) တွင် ၂၅-၅-၂၀၂၄ ရက်နေ့မှ ၂၉-၅-၂၀၂၄ ရက်နေ့အထိ ဆောင်ရွက်လျက်ရှိပါသည်။ အခမ်းအနားဖွင့်ပွဲကို သစ်တောဦးစီးဌာန၊ လေ့ကျင့်ရေးနှင့် သုတေသနဖွံ့ဖြိုးရေးဌာနမှ တာဝန်ရှိသူများ၊ ဗဟိုသစ်တောလေ့ကျင့် ရေးနှင့် ဖွံ့ဖြိုးမှုလေ့ကျင့် ပညာပေးရေးဌာန၊ ကျောင်းအုပ်ကြီး၊ လက်ထောက် ညွှန်ကြားရေးမှူး၊ ဦးစီးအရာရှိများ၊ တောအုပ်ကြီးများ၊ စီမံကိန်းအဖွဲ့ဝင်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲမှ သင်တန်းဆရာများနှင့် သင်တန်းသားများအပါအဝင် စုစုပေါင်း (၃၇)ဦး ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

date: 
Monday, May 27, 2024 - 10:15