တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်၊ သစ်တောဦးစီးဌာန၊ ၂၀၂၄ ခုနှစ်၊ မိုးရာသီ(အကြို)သစ်ပင်စိုက်ပျိုးပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်၊ သစ်တောဦးစီး ဌာန၊ ၂၀၂၄ ခုနှစ်၊ မိုးရာသီ(အကြို) တိုင်းဒေသကြီးအဆင့် သစ်ပင်စိုက်ပျိုးပွဲတော်ကို ကော့သောင်းမြို့၊ ကော့သောင်းဂေါက်ကလပ်အတွင်း (၂၈.၅.၂၀၂၄)ရက်နေ့၊ နံနက်(၀၇:၃၀) နာရီအချိန်တွင် ကျင်းပဆောင်ရွက်ခဲ့ပါသည်။ အဆိုပါသစ်ပင်စိုက်ပွဲတော်သို့ တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကို တက်ရောက်၍ ပျဉ်းကတိုးပင်အား စိုက်ပျိုး ခဲ့ပြီး တိုင်းဒေသကြီးတရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ စစ်ဗျူဟာမှူး၊ ကမ်းရိုးတန်း တိုင်းစစ်ဌာနချုပ်၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ အမျိုးသမီး ရေးရာအသင်း၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ဒေသခံပြည်သူများ စုစုပေါင်း (၃၅၀)ဦး တက်ရောက်ပြီး ကန့်ကော်(၁)ပင်၊ ပျဉ်းကတိုး(၁၀၄)ပင်၊ သင်္ကန်း(၃၂) ပင်၊ မန်ဂျန်ရှား (၃၂၀)ပင်နှင့် မဟော်ဂနီ (၁၀၃)ပင်၊ စုစုပေါင်း(၅၆၀)ပင်အား အောင်မြင်စွာ စိုက်ပျိုးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

date: 
Tuesday, May 28, 2024 - 11:30