တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် သစ်တောဦးစီးဌာန၊ ၂၀၂၄ ခုနှစ် မိုးရာသီ(အကြို) သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် သစ်တောဦးစီးဌာန၊ ၂၀၂၄ ခုနှစ် မိုးရာသီ(အကြို) မြို့နယ်အဆင့် သစ်ပင်စိုက်ပျိုးပွဲတော်ကို ရေဖြူမြို့၊ (က)ရပ်ကွက်၊ ကညင်ကောက်ကျေးရွာ သင်္ချိုင်းဧရိယာအတွင်း (၂၈.၅.၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီ အချိန်တွင် ကျင်းပဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်သို့ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇင်လင်းနိုင် ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများ၊ အမျိုးသမီးရေးရာအသင်း၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်း၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များနှင့်ဒေသခံပြည်သူများ၊ စုစုပေါင်း(၈၀)ဦး တက်ရောက်ပြီး ပျဥ်းကတိုး (၁၅၀)ပင်၊ ခရေ (၅၀)ပင်၊ မန်ဂျန်ရှား (၁၀၀)ပင်၊ စိန်ပန်း (၅၀)ပင်၊ မယ်ဇလီ(၅၀)ပင် ၊ စုစုပေါင်း (၄၀၀) ပင် အား အောင်မြင်စွာ စိုက်ပျိုးခဲ့ကြောင်းသိရှိရပါသည်။

date: 
Tuesday, May 28, 2024 - 12:45