တနင်္သာရီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန ၊ကျွန်းစုမြို့နယ်မှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ (မြို့နယ်အဆင့်)ကျင်းပ
တနင်္သာရီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန ၊ကျွန်းစုမြို့ နယ်မှ သစ်တောထိန်းသိမ်းရေး တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ မြို့နယ်အဆင့် အသိပညာပေးဟောပြောပွဲ အခမ်းအနားကို (၅-၅-၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီ၌ ကျွန်းစုမြို့နယ်၊ မော်ခေါင်းတုန်းကျေးရွာ ၊ကျေးရွာအုပ်ချုပ်ရေးမှူးရုံး ခန်းမတွင် ကျင်းပဆောင်ရွက်ခဲ့ရာ ၊ကံမော်ကျေးရွာအုပ်ချုပ်ရေးမှူး ဦအောင်ရီ၊မော်ခေါင်းတုန်းကျေးရွာတာဝန်ခံဦးသိန်းသန်း၊မော်ခေါင်းတုန်းကျေးရွာ CF ဥက္ကဌ ဦးညီညီထွေးနှင့်အဖွဲ့ဝင်များ၊ဒေသခံပြည်သူများနှင့် သစ်တောဦးစီးဌာနဝန်ထမ်း(၃)ဦး၊အမျိုးသား (၃၆)ဦး၊ အမျိုးသမီး (၂၉)ဦး၊စုစုပေါင်း(၆၅)ဦးတက်ရောက်ခဲ့ကြပါသည်။အခမ်းအနားတွင် ကျွန်းစုမြို့နယ် ကံမော်ကျေးရွာအုပ်စု ၊အုပ်ချုပ် ရေးမှူး ဦးအောင်ရီ မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ကျွန်းစုမြို့နယ်၊သစ်တောဦးစီးဌာန၊ကံ မော်(၁)ဘိနယ်တာဝန်ခံ၊တောအုပ် ဦးသက်ဖြိုးအောင်မှ သစ်တောထိန်းသိမ်းရေး၊တောမီး ကာကွယ်ရေးနှင့်မီးခိုးမြူငွေ့ လျော့ချရေးဆိုင်ရာ အကြောင်း အရာများကိုတက်ရောက်လာသူများသို့အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပါသည်။အဆိုပါဟောပြောပွဲတွင်တက်ရောက်လာသူများအား မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊မီးခိုးမြူ ငွေ့လျော့ချရေးဆိုင်ရာ Video Clipပြသခြင်း၊သိရှိလိုသည်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်း၊ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။



