ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊သစ်တောဦးစီးဌာနမှ သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ(မြို့နယ်အဆင့်)ကျင်းပ

သီပေါမြို့နယ်၊သစ်တောဦးစီးဌာနမှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကို(၆-၅-၂၀၂၆)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်၌ သီပေါမြို့နယ်၊ဘော်ကြိုကျေးရွာ ဘုန်းကြီးကျောင်း ဓမ္မာရုံတွင် ကျင်းပဆောင်ရွက်ခဲ့ရာ ဒေသခံပြည်သူ(၁၀၀)ဦး တက်ရောက်ခဲ့ကြပြီး နံနက်(၁၁:၃၀)နာရီအချိန်၌ သီပေါမြို့နယ်၊စံဖိတ်ကျေးရွာ စာသင်ကျောင်းတွင် ဆက်လက် ကျင်းပဆောင်ရွက်ခဲ့ရာ ဒေသခံပြည်သူ(၉၀)ဦး တက်ရောက်ခဲ့ကြပါသည်။ သီပေါမြို့နယ်၊သစ်တောဦးစီးဌာန၊ နယ်မြေတာဝန်ခံ တောအုပ်ကြီး ဦးအေးမင်းသူမှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးဆိုင်ရာ ခေါင်းစဉ်အကြောင်းအရာများကို တက်ရောက်လာသူများသို့ အသိပညာပေးဆွေးနွေးဟောပြောခဲ့ပါကြောင်း သတင်းရရှိသည်။

date: 
Thursday, May 7, 2026 - 21:15