တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊သစ်တောဦးစီးဌာနမှ မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ(မြို့နယ်အဆင့်)ကျင်းပ
မြိတ်မြို့နယ်၊သစ်တောဦးစီးဌာနမှ မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို(၇-၅-၂၀၂၆)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီ၌ မြိတ်မြို့နယ်၊ကလွင် ကျေးရွာအုပ်စု၊ချောင်းတခင်းကျေးရွာတွင်ကျင်းပဆောင်ရွက်ခဲ့ရာ ကျေးရွာရာအိမ်မှူးဦးဘိုဘိုထွန်းနှင့်ရပ်မိရပ်ဖများ၊ရွာသားများ ကျား(၄၆)ဦး၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ (၇)ဦး၊ စုစုပေါင်း (၅၃)ဦးတက်ရောက်ခဲ့ကြပါသည်။မြိတ်မြို့နယ်၊သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးကျော်မြင့်ထွန်းမှ တက်ရောက်လာသူများအား"မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ "အကြောင်းအရာများကို အသိပညာပေးဆွေးနွေးဟောပြောခဲ့ပါသည်။ဆက်လက်၍ ဟောပြောပွဲတွင်တက်ရောက်လာသူများအား မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။



date:
Thursday, May 7, 2026 - 21:15
