တနင်္သာရီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ကျွန်းစုမြို့နယ်မှ ရက်ပေါင်း(၁၀၀)စီမံချက်အရ သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေး၊ မီးခိုးမြူငွေ့လျော့ချရေး၊ရေအရင်းအမြစ်နှင့် ရေချွေတာရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ(မြို့နယ်အဆင့်)ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ကျွန်းစုမြို့နယ်မှ သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေး၊ မီးခိုးမြူငွေ့လျော့ချရေး၊ရေအရင်းအမြစ်နှင့် ရေချွေတာရေးဆိုင်ရာ မြို့နယ်အဆင့်အသိပညာပေးဟောပြောပွဲအခမ်းအနားကို(၇.၅.၂၀၂၆)ရက်နေ့၊နံနက် (၀၉:၀၀)နာရီအချိန်၌ တာရပိုင်းကျေးရွာအုပ်စု၊ တာရပိုင်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းရုံးခန်းမတွင် ကျင်းပဆောင်ရွက်ခဲ့ရာ တာရပိုင်းကျေးရွာတာဝန်ခံနှင့် ဒေသခံပြည်သူများ၊ တာရပိုင်းကျေးရွာ အ.ထ.က မှဆရာ/ဆရာမ(၃)ဦး၊ သစ်တောဝန်ထမ်း(၅)ဦး၊ပေါင်း အမျိုးသား(၅၆)ဦး၊ အမျိုးသမီး(၁၂၇)ဦး၊ စုစုပေါင်း(၁၈၃)ဦးတက်ရောက်ခဲ့ကျပါသည်။ အခမ်းအနားတွင်ကျွန်းစုမြို့နယ် တာရပိုင်းကျေးရွာအုပ်စု၊ ကျေးရွာတာဝန်ခံမှ အဖွင့်အမှာ စကားပြောကြားခဲ့ပြီး ကျွန်းစုမြို့နယ် သစ်တောဦးစီးဌာန၊ မြို့နယ်ဦးစီးဌာနမှူး ဦးခင်စိုးနှင့် သစ်တောဝန်ထမ်းများမှ သစ်တောထိန်းသိမ်း၊တောမီးကာကွယ်ရေး၊ မီးခိုးမြူငွေ့လျော့ချရေး၊ ရေအရင်းအမြစ်နှင့်ရေချွေတာရေးဆိုင်ရာ အကြောင်းအရာများကို တက်ရောက်လာသူများသို့ အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပါသည်။အဆိုပါဟောပြောပွဲတွင် တက်ရောက်လာသူများအား မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ မီးခိုးမြူငွေ့ဆိုင်ရာ Vido Clip ပြသခြင်း၊ သိရှိလိုသည်များအပေါ်ပြန်လည်ရှင်းလင်းဖြေကြားခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။

date: 
Thursday, May 7, 2026 - 21:30