မိုးကောင်းမြို့နယ်သစ်တောဦးစီးဌာန နမ္မတီးဘိနယ်နန့်လှိုင်ခေတ်မီစံပြကျေးရွာတွင် တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှေ့ာချရေး၊ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး၊ ရေအရင်းအမြစ်ထိန်းသိမ် စောင့်ရှောက်ရေးနှင့် ရေသယံဇာတထိန်းသိမ်းရေးအသိပညာပေးဟောပြောပွဲကျင်းပ
မိုးကောင်းမြို့နယ်သစ်တောဦးစီးဌာန နမ္မတီးဘိနယ် နန့်လှိုင်ခေတ်မီ စံပြကျေးရွာတွင် ကျေးလက်ဖွံဖြိုးရေး ဦးစီးဌာနနှင့်ပူးပေါင်း၍ ၇ /၅/၂၀၂၆ ရက်နေ့ နံနက်ပိုင်း ၁ဝး၀၀နာရီ အချိန် ဦစီးအရာရှိဦးသန်မော်ဦးဆောင်၍ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှေ့ာချ ရေး၊ ဥပဒေဆိုင်ရာ အသိပညာပေး၊ တောအုပ်ကြီး ဦးအောင်သန်းနိုင်မှ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး၊ ရေအရင်းအမြစ်ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ရေသယံဇာတထိန်း သိမ်းရေးအသိပညာပေး ဟောပြောပွဲကိုကျင်းပဆောင်ရွက်ခဲ့ရာ ကျေးလက်ဖွံဖြိုးရေး ဦးစီးဌာနမှ ဦးစီးအရာရှိပါ(၈)ဦး၊နန့်လှိုင် ကျေးရွာသား/ကျေးရွာသူ(၃၉)ဦး၊ သစ်တော ဝန်ထမ်း(၇)ဦးစုစုပေါင်း(၅၄)ဦး တက်ရောက်ရာမွန်းတည့်ပြီး၁၂း၃၀)တွင် ပြီးဆုံးခဲ့ကြောင်း သတင်းရရှိသည်။

date:
Sunday, May 10, 2026 - 18:30
