သထုံမြို့နယ်၊ ဇရစ်ချောင်ကျေးရွာတွင် "နွေရာသီကာလအတွင်း တောမီးနှင့် အခြားမီးများကြောင့် မီးလောင်မှုအရေအတွက်များပြားနေခြင်းကိုလျော့ချရေးနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေး အသိပညာပေးပြောပွဲကျင်းပ

(၇.၅.၂၀၂၆)ရက်နေ့(၉:၀၀)နာရီအချိန်တွင်နွေရာသီကာလအတွင်း တောမီးနှင့် အခြားမီးများကြောင့် မီးလောင်မှုအရေအတွက်များပြားနေခြင်းကို လျော့ချရေးနှင့် မီးခိုးမြူငွေ့့ ညစ်ညမ်းမှု ထိန်းချုပ်ရေး အသိပညာပေးဟောပြောပွဲ"အားသထုံမြို့နယ်၊ ဇရစ်ချောင်ကျေးရွာအုပ်စု၊ ဇရစ်ချောင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ရာ ဟောပြောပွဲသို့ ဇရစ်ချောင်ကျေးရွာမှ ကျေးရွာသား (၄၈)ဦး၊ ကျေးရွာသူ (၃)ဦး၊ သစ်တောဝန်ထမ်း (၄)ဦးစုစုပေါင်း(၅၅)ဦး တက်ရောက်ခဲ့ကြပြီး အဆိုပါဟောပြောပွဲတွင်သထုံမြို့နယ်၊ သစ်တောဦးစီးဌာနာ၊တောအုပ်ကြီး ဦးဟိန်းဘိုဟန်မှနွေရာသီကာလအတွင်း တောမီးနှင့် အခြားမီးများကြောင့် မီးလောင်မှုအရေအတွက်များပြားနေခြင်းကို လျော့ချရေးနှင့် မီးခိုးမြူငွေ့့ ညစ်ညမ်းမှု ထိန်းချုပ်ရေး အကြောင်းများ ဟောပြောခဲ့ပြီးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ‌ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။

date: 
Sunday, May 10, 2026 - 18:45