မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊အောင်လံမြို့နယ်၊မြို့နယ်သစ်တောဦးစီးဌာနမှူးရုံးမှသစ်တော ထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ
မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊ အောင်လံမြို့နယ်၊သစ်တောဦးစီးဌာနမှူးရုံးမှ ကြီးမှူး၍ (၈-၅-၂၀၂၆)ရက်နေ့ (၀၉:၀၀)နာရီအချိန် အောင်လံမြို့နယ် စမ်းကလေးကျေးရွာအုပ်စု ၊ရေတွင်းစုကျေးရွာဓမ္မာရုံတွင် "သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့် မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ အောင်လံမြို့နယ်၊မြို့နယ်ဦးစီးဌာနမှူးရုံးမှ တောအုပ်ကြီး-ဦးအောင်လှိုင်မိုးမှ သစ်တောထိန်းသိမ်းရေးနှင့်မီးခို့မြူ ငွေ့လျော့ချရေးဆိုင်ရာသိကောင်းစရာများနှင့်သစ် တောဥပဒေဆိုင်ရာသိကောင်းစရာ"များကိုလည်းကောင်း သရက်မြို့နယ်၊ပတ်၀န်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ထက်နန္ဒာထွန်းမှ ပတ်၀န်းကျင်ထိန်းသိမ်းရေး ပလပ်စတစ်သုံးစွဲမှုလျော့ချရေးဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း အောင်လံမြို့နယမီးသတ်ဦးစီးဌာနမှ ဒုဦးစီးမှူး/ ဦးဇေယျာသက်ခိုင်မှFire hotspotများလျော့နည်းစေရေးသိကောင်းစရာများကိုလည်းကောင်းဟောပြော ဆွေးနွေးပြီးလက်ကမ်းစာဆောင်များဖြန့်ဝေခဲ့ပါသည်။ တက်ရောက်လာသူ ပြည်သူများက သိလိုသည်များကိုတာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ရာ (၁၀:၂၀) နာရီချိန်တွင် ပြီးစီးခဲ့ပါသည်။ ဟောပြောပွဲသို့ အောင်လံမြို့နယ်၊မြို့နယ် သစ်တောဦးစီးဌာနမှူးရုံးမှ ဝန်ထမ်း(၆)ဦး၊ သရက်မြို့နယ်ပတ်၀န်းကျင်ထိန်းသိမ်းေရးဌာနမှ(၃)ဦး၊ တက်ရောက်ခဲ့ပါကြောင်သတင်းရရှိသည်။
ေအာင်လံမြို့နယ်မီးသတ်ဦးစီးဌာနမှ(၂)ဦးနှင့်ဒေသခံ ကျား(၁၇) ဦး၊မ(၅၇)ဦး စုစုပေါင်း (၈၅) ဦးတက်ရောက်ခဲ့ပါကြောင်း



