သထုံမြို့နယ်၊သုဝဏ္ဏဝတီမြို့၊သိမ်ဆိပ်ရပ်ကွက်တွင်သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ
သထုံခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့်သထုံမြို့နယ်သစ် တောဦးစီးဌာနတို့မှပူးပေါင်းကျင်းပပြုလုပ်သည့်"သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ် ရေးနှင့်မီးခိုးမြူငွေ့လျော့ချရေးအသိပညာပေးဟောပြောပွဲ" ကို(၁၀-၅-၂၀၂၆)ရက်နေ့နံနက်(၀၉:၀၀)နာရီအချိန်သထုံမြို့နယ်၊သုဝဏ္ဏဝတီမြို့၊သိမ်ဆိပ်အခြေခံပညာအထက်တန်းကျောင်း၌ကျင်းပပြုလုပ်ခဲ့ရာဟောပြောပွဲသို့သုဝဏ္ဏဝတီမြို့အုပ်ချူပ်ရေးမှူးနှင့်သိမ်ဆိပ်ရပ်ကွက်သူရပ်ကွက်သားများ၊သိမ်ဆိပ်အခြေခံပညာအထက်တန်းကျောင်းမှကျောင်း သားကျောင်းသူများ၊သထုံခရိုင်ပတ်ဝန်းကျင်ဦးစီးဌာနနှင့်သထုံမြို့နယ်သစ်တောဦးစီးဌာနတို့မှဝန်ထမ်းများကျား(၇၈)ဦး၊မ(၃၉)ဦးစုစုပေါင်း(၁၁၇)ဦးတက် ရောက်ပြီးအဆိုပါဟောပြောပွဲတွင်သထုံမြို့ နယ်သစ်တောဦးစီးဌာနဦးစီးအရာရှိဦးတင်ထွန်းမှ"သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျော့ချရေး"ခေါင်းစဉ်ဖြင့်လည်းကောင်း၊သထုံခရိုင်ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဦးသံစဉ်မှူးမှ"ရိုး ပြတ်များမီးရှို့ခြင်းနှင့်မီးခိုးမြူငွေ့အန္တရာယ်"ခေါင်းစဉ်ဖြင့်လည်းးကောင်းဆွေးနွေးဟောပြောခြင်း၊သစ်တောထိန်းသိမ်းခြင်းဆိုင်ရာပညာပေး Video Clipပြသခြင်း၊လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။




