ရန်ကုန်တိုင်းဒေသကြီး၊တိုက်ကြီးမြို့နယ်၊မလေးရှားဝိုင်ကျေးရွာအုပ်စု၊ပန်းတစ်ပွင့်တောင် ဘုန်းကြီးကျောင်းတွင်သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊မလေးရှားဝိုင်ကျေးရွာအုပ်စု၊ ပန်းတစ်ပွင့်တောင် ဘုန်းကြီးကျောင်းတွင် (၁၀.၅.၂၀၂၆) ရက်နေ့၊ (၁၀:၀၀)နာရီအချိန်၌သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပခဲ့ရာ တိုက်ကြီးမြို့နယ်၊ သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးသန်းအောင်ထွန်းပါ(၃)ဦး ၊ ကျေးရွာသူ/သား စုစုပေါင်း(၅၁)ဦး၊ကျား(၃၄)ဦး၊ မ(၁၇)ဦးတို့ တက်ရောက်ခဲ့ပါသည်။ဆွေးနွေးပွဲတွင် သစ်တောဦးစီးဌာန၊ တိုက်ကြီးမြို့နယ်၊ တောအုပ်ကြီး ဦးသန်းအောင်ထွန်းက သစ်တောသစ်ပင်များအကြောင်း၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ်များအကြောင်း၊ သစ်တောများကပေးစွမ်းနိုင်သည့် ဂေဟစနစ်ဆိုင်ရာအကျိုးကျေးဇူးများ၊ ရာသီဥတုပြောင်းလဲမှု လျှော့ချရေးတွင် သစ်တောများ၏အရေးပါမှု၊ အကျိုးကျေးဇူးများနှင့် မီးခိုးမြူငွေ့ လျော့ချရေးအတွက် Fire Hotspots များ လျော့နည်းကျဆင်းအောင် တောမီးရှို့ခြင်း၊ လယ်ယာများမီးရှို့ခြင်းများမပြုလုပ်ရန်၊ မီးခိုးမြူငွေ့ လေထုညစ်ညမ်းမှု၏ ဆိုးကျိုးများ၊ မီးခိုးမြူငွေ့ ညစ်ညမ်းမှုထိန်းချုပ်ရေး ဆောင်ရွက်နေမှု အခြေအနေများနှင့် သစ်တောများမှ ပေးစွမ်းနိုင်သော အကျိုးကျေးဇူးများအကြောင်းတို့ကို တက်ရောက်လာကြသည့် ကျေးရွာသူ/သားများအားအသိပညာပေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။


