ကန့်ဘလူမြို့နယ် သစ်တောဦးစီးဌာန၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအားကျင်းပ

ကန့်ဘလူမြို့နယ်သစ်တောဦးစီးဌာန၊ (၄-၆-၂၀၂၄)ရက်နေ့ ၊ နံနက်(၀၈-၀၀)နာရီ အချိန်တွင် ကန့်ဘလူမြို့၊ ကုတင်၁၀၀ဆေးရုံဝန်းအတွင်း မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအား ကျင်းပဆောင်ရွက်ခဲ့ပါသည်။ စိုက်ပျိုးပွဲကို ကန့်ဘလူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယဗိုလ် မှုးကြီး စန်းလင်းမှ ဦးဆောင်တက်ရောက်ခဲ့ပြီးခရိုင်အဆင့်ဌာနဆိုင်ရာ၊ မြို့နယ်အဆင့် ဌာန ဆိုင်ရာ ဝန်ထမ်းများနှင့်ဒေသခံပြည်သူများစုစုပေါင်း (၅၀၀)ဦးတက်ရောက်၍ အမြင့်(၂) ပေ အထက်ရှိသော ကျွန်း(၁၀၀)ပင်၊ တမာ(၁၀၀)ပင်၊ ဗန်ဒါ(၁၀၀)ပင်၊ သ‌င်္ဘောတည်(၁၀၀)ပင်၊ စိန်ပန်းကြီး(၁၀၀)ပင်၊ စုစုပေါင်း(၅၀၀)ပင်တို့အား စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရှိရပါ သည်။

date: 
Tuesday, June 4, 2024 - 14:15